ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ တိုက်ပွဲဝင်ညီနောင် ဆက်ဆံရေးဟု “ကင်” ပြော

(နိုင်ငံတကာ) ဇူလိုင် ၁၄

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်သည် ဇူလိုင်လ ၁၂ ရက်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယားခေါင်းဆောင် တို့သည် မြောက်ကိုရီးယားအလယ်ပိုင်း ကမ်းရိုးတန်းမြို့ ဝန်ဆန်၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ရုရှားနှင့်မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးမှာ တိုက်ပွဲဝင်ညီနောင် ဆက်ဆံရေးဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ရုရှားနိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့သည်။

အလားတူ ရုရှားနိုင်ငံသို့ တပ်ဖွဲ့ဝင်များ စေလွှတ်ပေးခဲ့သည့်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံ တို့သည် နှစ်နိုင်ငံမဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးသဘော တူညီချက်ရယူထားသောနိုင်ငံများ ဖြစ်သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ဗ်သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သည့် အာဆီယံ ဆွေးနွေးပွဲများတက်ရောက်ခဲ့ပြီးနောက် ဇူလိုင်လ ၁၁ ရက်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ဝန်ဆန်မြို့သို့ ရောက်ရှိ ခဲ့ကြောင်း သိရသည်။

#PAN