(ပြည်တွင်း) ဇူလိုင် ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို ထိန်းချုပ်ထားတဲ့ အကြမ်းဖက်အဖွဲ့တွေကို တပ်မတော်စစ်ကြောင်းက ရှင်းလင်းနေတာကြောင့် လက်နက်ကိုင်အကြမ်းဖက်အဖွဲ့တွေ ထိခိုက်သေဆုံးမှုများပြားနေတယ်လို့ သိရပါတယ်။

DPLA လက်နက်ကိုင်တစ်ဦးဟာ သူ့ရဲ့လက်နက်ကိုင်အဖွဲ့မှာ ဆက်လက်တာဝန်မထမ်းဆောင်လိုတာကြောင့် ထွက်ပြေးလာပြီး ဇူလိုင်လ ၁၂ ရက်နေ့ မွန်းလွဲ ၃နာရီ အချိန်ခန့်က တပ်မတော်စစ်ကြောင်းတစ်ခုထံ လာရောက်အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလင်းဝင်လာသူဟာ နောင်ချိုမြို့နယ်မှာနေထိုင်တဲ့ ကိုယ်ပိုင်အမှတ် DA-1916 ၊၂၂နှစ် အရွယ် ဆေးတပ်သားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါလက်နက်ကိုင်ဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က DPLA လက်နက်ကိုင်အဖွဲ့ထံကို စတင်ဝင်ရောက်ခဲ့ပြီး ဆေးတပ်သားအဖြစ် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
#PAN