(နိူင်ငံတကာ) ဇူလိုင် ၁၁

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမြို့တော်တစ်ခု ထူထောင် မည့် အစီအစဉ်ကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ထောက်ခံကြောင်း အစ္စရေးမီဒီယာတစ်ခုက သတင်းဖော်ပြသည်။
အဆိုပါအစီအစဉ်ကို အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က တင်ပြခဲ့ခြင်း ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာမြို့တော်ကို ရာဖာမြို့၌ တည်ဆောက်မည်ဖြစ်ပြီး ဂါဇာ ဒေသခံ ပြည်သူ အားလုံးသည် တောင်ဘက်သို့ ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း အဆိုပါအစီအစဉ်တွင် ဖော်ပြထားသည်။
ထို့ပြင် မြောက်ပိုင်းဒေသတွင် ကျန်ရှိနေသည်ဟု ယူဆရသော ဟားမတ်စ်အဖွဲ့ကို နှိမ်နင်းမည်ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ် ကပြောကြားသည်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မြို့တော် သို့ ဝင်ရောက်ပြီးသည့်ဒေသခံများကို ပြန်လည်ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်းလည်း အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေးကာ့ဇ် က ပြောကြားသည်။
ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစ္စရေးနှင့် ဟားမတ်စ် တို့ကြား သွယ်ဝိုက်သောဆွေးနွေးမှုများကို ကာတာတွင် ပြုလုပ်လျက် ရှိသည်။
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့်ဝန်ကြီးချုပ် နေတန်ယာဟုတို့ကလည်း ဝါရှင်တန်၌ ဇူလိုင်လ ၈ ရက်က ဂါဇာအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NHK သတင်းဌာန ဖော်ပြချက်အရ သိရသည်။.
Telegram»…
https://t.me/positiveanglenews