
(ပြည်တွင်း) ဇူလိုင် ၃
တပ်မတော်(လေ)မှ တိုက်ခိုက်ရေး လေယာဉ်တစ်စင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ ညပိုင်း၌ ညအချိန် ခရီးဝေး လေ့ကျင့်ပျံသန်း ဆောင်ရွက်စဉ် နေပြည်တော်၏ အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာ၌ ရုတ်တရက်ရေဒါ မြင်ကွင်းမှပျောက်ကွယ်၍ ဆက်သွယ်မှုပြတ်တောက်လျက်ရှိသည်။
တာဝန်ရှိသူများ၏ ပဏာမ စစ်ဆေးချက်အရ စက်ချွတ်ယွင်းမှု(သို့မဟုတ်) ရုတ်တရက်ရာသီဥတုဆိုးရွားမှုများကြောင့်ဖြစ်နိုင်ကြောင်းသိရှိရပြီး ဆက်သွယ်မှု ပြတ်တောက်ရာ နေရာတစ်ဝိုက်သို့ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ဆောင် ရွက်နိုင်ရေး ရာသီဥတုဆိုးရွားလျက်ရှိသော်လည်း သက်ဆိုင်ရာမှစီမံဆောင်ရွက်လျက် ရှိကြောင်းသတင်းရရှိသည်။