(ပြည်တွင်း) ဇူလိုင် ၃

နေပြည်တော်နှင့် မန္တလေးတိုင်းတို့မှ ငလျင်ဒဏ်သင့်ခဲ့တဲ့ မြန်မာဘရူဝါရီလီမိတက် ဝန်ထမ်းများ၊ ဖြန့်ဖြူးရေး ကိုယ်စားလှယ်များနှင့် ဆိုင်ရှင်များရဲ့ ပြန်လည်ထူထောင်ရေးအတွက် MBL ကုမ္ပဏီ၊ ဝန်ထမ်းများနှင့် ဖြန့်ဖြူးရေး ကိုယ်စားလှယ်ကြီးများက ငွေကျပ်သိန်း ၄,၀၀၀ ကို ကူညီထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
မြန်မာဘရူဝါရီလီမိတက်မှ ကရုဏာရှေးရှုမြန်မာမှုအစီအစဉ်အဖြစ် ငလျင်ဖြစ်ပြီးစကာလမှာ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ကျောက်ဆည်မြို့တို့ရှိ ငလျင်ဒဏ်သင့်သူများအတွက် သောက်သုံးရေ၊ လျှပ်စစ်မီး၊ အမိုးအကာနှင့် တကိုယ်ရေသန့်ရှင်းရေးအတွက်ဆပ်ပြာများကို ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၆ ရက်ကလည်း မန္တလေးမြို့ရှိ ငလျင်ဒဏ်သင့်အိမ်ထောင်စု ၁၆၀ ကို ဆီ၊ ဆန်၊ လျှပ်စစ်ပန်ကာ၊ လျှပ်စစ်မီးအိမ်၊ ဂတ်စ်မီးဖိုနှင့် ထောက်ပံ့ငွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ဇူလိုင်လ ၃ ရက် မနက် ၇ နာရီ ၁၀ မိနစ် မှာဘဲ အင်အား ၄ ဒသမ ၈ ရစ်ခ်ျတာစကေးရှိပြီး အနက် ၁၀ ကီလိုမီတာနဲ့ တံတားဦးမြိုရဲ့ အနောက်မြောက်ဘက် ၅ မိုင်ဝန်းကျင်ကိုဗဟိုပြုကာ နောက်ဆက်တွဲ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှူဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews