(ပြည်တွင်း) ဇူလိုင် ၂

ရန်ကုန်-ဒလ မြစ်ကူးတံတားပြီးစီးခါနီးပြီဖြစ်၍ ဒလအိမ်ခြံမြေဈေး သိန်းထောင်ချီမြင့်တက်လာကြောင်း အိမ်ခြံမြေဈေးကွက်အတွင်းကနေ သိရပါတယ်။
ရန်ကုန်မြစ်ကူးတံတားစီမံကိန်းကို လာမည့် ၄ လအတွင်း ပြီးစီးရန် ခန့်မှန်းထားကြပြီး တံတားပြီးစီးချိန် နီးလာသည်နှင့်အမျှ ဒလမြို့ဘက်ခြမ်းမှာရှိတဲ့ တံတားအဆင်း ဗိုလ်မင်းရောင်လမ်းနှင့် အနီးတဝိုက်ရှိ အိမ်ခြေမြေ ဈေးများ လှုပ်ခတ်လာတယ်လို့ သိရပါတယ်။
တံတားအဆင်း ဗိုလ်မင်းရောင်လမ်းမပေါ်ရှိ လမ်းဘေးဝဲယာရှိ ခြံတိုင်း လိုလို ရောင်းချထားပြီး ပေ ၄၀ x ၆၀ ကို အိမ်အပါ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀,၀၀၀ အထိ ပေါက်ဈေး ရှိနေတယ်လို့ သိရပါတယ်။
ရန်ကုန်မြစ်ကူး တံတားစီမံကိန်းကို ကိုရီးယားနိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာဘက်က သန်း ၃၀ ကျော် ထည့်ဝင်ထားပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်း သတ်မှတ်၍ တည်ဆောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews