မြောက်ကိုရီးယားကို ဒေါ်လာတွေပေးပို့ဖို့ ကြိုးပန်းတဲ့ အမေရိကန်လူမျိုးတွေကို တောင်ကိုရီးယာဖမ်းဆီး

(နိုင်ငံတကာ) ဇွန် ၂၇

မြောက်ကိုးရီးယားနိုင်ငံကို ဆန်နဲ့ အမေရိကန်ဒေါ်လာတွေထည့်ထားတဲ့ ပလတ်စတစ်ဗူး ၁၃၀၀ ခန့်ကို ပင်လယ်ရေကြောင်းကနေ ပေးပို့ဖို့ ကြိုးစားတဲ့ အမေရိကန်နိုင်ငံသား ခြောက်ဦးကို တောင်ကိုရီးယား အာဏာပိုငတွေက ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ ရိုက်တာသတင်းဌာက ဖော်ပြထားပါတယ်။

တောင် မြောက်ကိုရီးယားနိုင်ငံနှစ်နိုင်ငံ ကြားက ရှေ့တန်းနယ်နိမိတ်အနီးမှာရှိတဲ့ ဂွမ်ဝါးကျွန်းကနေ ဆန်နဲ့ဒေါ်လာတွေထည့်ထားတဲ့ ပလတ်စတစ်ဗူးတွေကို ဒီရေအတက်နဲ့ မြောက်ကိုရီယားနိုင်ငံထဲမျောဝင်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမေရိကန်နိုင်ငံသားတွေကို တောင်ကိုရီးယားကမ်းခြေစောင့်တပ်ဖွဲ့က ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ မနက်အစောပိုင်းက ဖမ်းဆီးထားခဲ့လို့ တောင်ကိုရီးယား အစိုးရပိုင်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကလည်း မြောက်ကိုရီးယားဟာ အမှိုကတွေ၊ အိမ်သာသုံးစက္ကူတွေနဲ့ သံသယဖြစ်ဖွယ် တိရစ္ဆာန်မစင်တွေ ထည့်ထားတဲ့ အိတ်တွေတွဲချည်ထားတဲ့ မိုးပျံပူဖောင်တွေကို တောင်ကိုရီးယားနိုင်ငံအတွင်းကို လွှတ်တင်ခဲ့တဲ့အတွင်း တောင်မြောက်နှစ်နိုင်ငံဆက်ဆံရေးက ဆက်လက်တင်းမာခဲ့တာဖြစ်ပါတယ်။

ဒီနှစ် ဇွန်လအစောပိုင်းမှာ အာဏာရလာတဲ့ သမ္မတ အီဂျေမြောင်ရဲ့ လစ်ဘရယ်အစိုးရသစ်ဟာ မြောက်ကိုရီယားနဲ့ တင်းမာမှုတွေဖြစ်ပွားနေတာကို ရှောင်ရှားကြဖို့နဲ့ ရှေ့တန်းစစ်မျက်နှာမှာနေထိုင်သူတွေရဲ့ ဘေးကင်းရေးကို မြှင့်တင်ဖို့ အခြားသောလုံခြုံရေးဆိုင်ရာဥပဒေတွေနဲ့ အရပ်သားလှုပ်ရှားမှုတွေကို နှိမ်နင်းဖို့ တွန်းအားပေးနေတယ်လို့ သိရပါတယ်။