(မှုခင်း) ဇွန် ၂၅
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းက ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ PDF အကြမ်းဖက်သမားတွေ လက်လုပ်မိုင်းထောင်ထားတာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေတွေ့ရှိတာကြောင့် ဖယ်ရှားရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အင်္ဂပိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ပေါ်မှာ ၅ ဂါလန်ဝင် စားသုံးဆီပုံးတွေနဲ့ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၂ လုံး၊ မိုင်တိုင်အမှတ် (၉၄/၇)အနီး တံတားအမှတ် (၃/၉၅)ရဲ့ တံတားအောက်ခြေမှာ ၅ ဂါလန်ပုံးတွေနဲ့ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၇ လုံး၊ မိုင်တိုင်အမှတ်(၉၄/၃) မှာ ၅ ဂါလန်ပုံးတွေနဲ့ပြုလုပ်ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၂ လုံး စုစုပေါင်း လက်လုပ်မိုင်း ၁၁ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

PDF အမည်ခံအကြမ်းဖက်သမားတွေဟာ ရန်ကုန်- မော်လမြိုင်ကားလမ်းမကြီးကိုအသုံးပြုနေတဲ့ အများပြည်သူတွေအထိတ်တလန့်ဖြစ်စေဖို့၊ လမ်းပန်းဆက်သွယ်မှုပြတ်တောက်စေဖို့နဲ့ ကုန်စည်စီးဆင်းမှုတွေ အခက်အခဲဖြစ်ပေါ်စေဖို့ စသည့်ရည်ရွယ်ချက်တွေနဲ့လုပ်ဆောင်နေကြတာလို့ သတင်းထုတ်ပြန်ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကလိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းစဉ်တွေကို ဒေသခံပြည်သူတွေနဲ့ပူးပေါင်းကာ တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


#PAN