အင်းလေးဒေသတွင် ငလျင်ကြောင့်ပျက်စီးခဲ့တဲ့ လျှပ်စစ်ဓာတ်အားလိုင်းများ ပြန်လည်ရရှိပြီဖြစ်


(ပြည်တွင်း) ဇွန်လ ၂၄

မန္တလေးငလျင်ကြီးကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် လျှပ်စစ် ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ယခုဇွန်လအတွင်းမှာ လျှပ်စစ်ဓာတ်အား လိုင်းတွေ ပြန်လည်ရရှိပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကနေ သိရပါတယ်။

အင်းလေးဒေသမှာ ငလျင်ကြောင့် လျှပ်စစ်ဓာတ်အားလိုင်း၊ ထရန်စဖော်မာနဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီး ခဲ့ရပြီးကျေးရွာပေါင်း ၃၂၁ ရွာမှာ လျှပ်စစ်မီးယာယီပြတ်တောက်ခဲ့ပါတယ်။

လျှပ်စစ်အင်ဂျင်နီယာရုံးများက လျှပ်စစ်မီး ပြန်လည်ရရှိဖို့အတွက် ကျွမ်းကျင်ဝန်ထမ်းများနဲ့ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ အခုအချိန်မှာ လျှပ်စစ်မီးယာယီ ပြတ်တောက်ခဲ့တဲ့ ကျေးရွာတွေကို အားလုံးနီးပါးပုံမှန်ဖြန့်ဖြူးပေးနေပြီး ကျန်ရှိ နေတဲ့ကျေးရွာတွေကို ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း ရှမ်းပြည်နယ် (တောင်ပိုင်း)လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ သိရပါတယ်။

ဓာတ်အားပြတ်တောက်ခဲ့တဲ့ ကျေးရွာပေါင်း ၃၂၁ ရွာရှိပြီး ကျေးရွာ ၃၁၉ ရွာကို လျှပ်စစ်ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့တာကြောင့် ကျန်ရှိနေတဲ့ ကျေးရွာ များကို ဇွန်လကုန်မှာ ရာနှုန်းပြည့်ပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်နယ်(တောင်ပိုင်း) လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းကနေ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN