(နိုင်ငံတကာ) ဇွန် ၁၉
အစ္စရေးနဲ့ အီရန်တို့ရဲ့ လေကြောင်းပစ်ခတ်မှုတွေကို အာရုံစိုက်လာတာကြောင့် ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းအချို့ဟာ အစ္စရေးရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး လူပေါင်း ၁၄၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာကျန်းမာရေးတာဝန်ရှိသူတွေက ဇွန် ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဂါဇာမှာ စစ်ပွဲတွေဟာ လွန်ခဲ့တဲ့လ ၂၀ ကျော်က စတင်ခဲ့တာဖြစ်ပြီး ရာနဲ့ချီတဲ့အကူအညီတွေကို ရှာဖွေရင်း သေဆုံးခဲ့ရတယ်လို့ ဂါဇာဒေသခံတွေက ပြောပါတယ်။
ဗုဒ္ဓဟူးနေ့က အစ္စရေးရဲ့ ပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၄၀ ထက်မနည်းရှိခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ပါလက်စတိုင်းတွေရဲ့ပိုင်နက်တွေကို အစ္စရေးကပိတ်ဆို့ထားရာက တစ်စိတ်တစ်ပိုင်း ရုပ်သိမ်းပြီးနောက် ပါလက်စတိုင်းတွေဟာ သတ်ဖြတ်မှုတွေကို နေ့စဉ်နဲ့အမျှခံရနေရတယ်လို့လည်း ဂါဇာဒေသခံတွေက ပြောပါတယ်။
Maghazi ဒုက္ခသည်စခန်း၊ Zeitoun ရပ်ကွက်နှင့် ဂါဇာစီးတီးမှာရှိတဲ့ နေအိမတွေကို လေကြောင်းက တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ရပြီး ဂါဇာတောင်ပိုင်းက Khan Younis စခန်းကို လေကြောင်းတိုက်ခိုက်မှုမှာ ၅ ဦး ထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဆေးပညာရှင်တွေက ပြောပါတယ်။
ဂါဇာအလယ်ပိုင်းကို ကုလသမဂ္ဂကရဲ့အကူအညီတွေသယ်ဆောင်လာတဲ့ ထရပ်ကားတွေကို စောင့်မျှော်နေတဲ့ ပါလက်စတိုင်းလူအုပ်စုအတွင်းကို အစ္စရေးကပစ်ခတ်ခဲ့တာကြောင့် လူ ၁၄ ဦး သေဆုံးခဲ့တယ်လို့လည်း ဆေးဘက်ဆိုင်ရာတွေက ပြောဆိုထားပါတယ်။
သူတို့ပစ်ခတ်လိုက်တဲ့ အဆိုပါဧရိယာဟာ တိုက်ခိုက်ရေးဇုန်ဖြစ်တယ်ဆိုတာကို အကြိမ်ကြိမ် သတိပေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် လူတွေဟာ ဂါဇာကမ်းမြောင်အလယ်ပိုင်းက Nuseirat နျူဆရတ် ဧရိယာမှာ လှုပ်ရှားနေတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်တွေထံ ချဉ်းကပ်ခဲ့တာကြောင့် ခုလိုပစ်ခတ်ရတာလို့ အစ္စရေးက ပြောပါတယ်။

အခြားသော တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အရပ်သားထိခိုက်မှု လျော့ပါးစေဖို့ ဖြစ်နိုင်ချေရှိတဲ့ ကြိုတင်သတိပေးမှုတွေကို လုပ်ဆောင်နေချိန်မှာ ဟားမတ်စ်ရဲ့ စစ်ရေးစွမ်းရည်တွေကို ဖျက်သိမ်းဖို့ လုပ်ဆောင်နေလို့လည်း IDF က ပြောကြားထားပါတယ်။
မေလနှောင်းပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြန်လည်စတင်ချိန်ကစပြီး ထောက်ပံ့ရေးအကူအညီတွေ ပြန်လည်ရရှိဖို့ ကြိုးစားနေတဲ့ ပါလက်စတိုင်း ၃၉၇ ဦး သေဆုံးပြီး ၃၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဂါဇာကမ်းမြောင်ဒေသရဲ့ကျန်းမာရေးဝန်ကြီးဌာနက အင်္ဂါနေ့ကပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ လူတွေ နေ့ရောညပါ သတ်ဖြတ်နေကြပေမယ့် စစ်ပွဲအရှိန်အဟုန်မြင့်လာတဲ့ အီရန်-အစ္စရေး စစ်ပွဲကို ကမ္ဘာတစ်လွှားက အာရုံပြောင်းသွားပြီ အခုရက်ပိုင်းအတွင်း ဂါဇာကမ်းမြောင်နဲ့ပတ်သက်တဲ့ သတင်းတွေ သိပ်မထွက်လာဘူး လို့ ဂါဇာမြို့ခံတွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလက ဟားမတ်စ်ဦးဆောင်တဲ့ စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၅၀ ခန့်ကို ဖမ်းဆီးသွားခဲ့ကြတယ်လို့ အစ္စရေး မဟာမိတ်တွေက ပြောကြားပါတယ်။
အစ္စရေးကလည်း စစ်ရေးအရပြန်လည်တိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်း ၅၅,၆၀၀ နီးပါး သေဆုံးခဲ့ပြီး ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဆိုအရ အဲ့ဒီနယ်မြေတွေမှာနေထိုင်သူအားလုံးနီးပါးကိုလည်း ရွှေ့ပြောင်းခဲ့ရပြီး ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ အကျပ်အတည်း ဖြစ်စေခဲ့တယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။
#PAN