ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ခြင်ဆီအစားထိုးကုသခြင်း အောင်မြင်စွာဆောင်ရွက်


(ပြည်တွင်း) ဇွန် ၁၇

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ပံ့ပိုးမှုများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ နိုင်ငံတကာအဆင့်မီ ခုနစ်ထပ် ဆောင်သစ်၊ သွေးရောဂါအထူးကုဌာန၊ ခြင်ဆီအစားထိုးဌာန (Bone marrow Transplant Center)တွင် ၂၀၂၅ ခုနှစ်၊ မေလအတွင်း၌ ခြင်ဆီကင်ဆာလူနာသုံးဦးနှင့် သွေးပြန်ရည်အကျိတ်ကင်ဆာလူနာတစ်ဦး စုစုပေါင်း လူနာလေးဦးအား ခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလူနာလေးဦးတွင် လူနာသုံးဦးမှာ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီး ကျန်လူနာတစ်ဦး မှာ သွေးပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ရောဂါခံစားနေရသူဖြစ်ပြီး အေးခဲခြင်ဆီ(Cryopreservation) ပြုလုပ်၍ ခြင်ဆီအစားထိုးကုသမှု ပထမဆုံးဆောင်ရွက်ခဲ့သည့် လူနာဖြစ်၍ လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိတယ်လို့ သိရပါတယ်။

လူနာလေးဦးမှာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ်မှ ၄၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မန္တလေးမြို့မှ ၆၅ နှစ် အရွယ်အမျိုးသားတစ်ဦး၊ ရွှေပြည်သာမြို့နယ် ရန်ကုန်မြို့မှ ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့မှ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါခြင်ဆီအစားထိုးကုသခြင်း (Bone marrow Transplant)ကို ဆေးရုံအုပ်ချုပ်မှုအဖွဲ့၊ သွေးရောဂါအထူးကုဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ဆက်စပ် ဌာနများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပါမောက္ခ/အထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်သူနာပြုကြီး/ငယ်များ၊ အထောက်အကူပြု ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ခြင်ဆီ အစားထိုးကုသခြင်းကို ၂၀၁၆ ခုနှစ်တွင် သုံးဦး၊ ၂၀၁၇ ခုနှစ်တွင် သုံးဦး၊ ၂၀၁၈ ခုနှစ်တွင် လေးဦး၊ ၂၀၁၉ ခုနှစ်တွင် တစ်ဦး၊ ၂၀၂၀ ပြည့်နှစ်တွင် တစ်ဦး၊ ၂၀၂၄ ခုနှစ်တွင် သုံးဦး၊ ၂၀၂၅ ခုနှစ်အတွင်း လက်ရှိအချိန်အထိ လေးဦး၊ စုစုပေါင်း ၁၉ ဦးကို အောင်မြင်စွာ ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူများအတွက် ကျန်းမာရေးကုန်ကျစရိတ် သက်သာစေရေးရန် ပြည်တွင်း၌ ခြင်ဆီအစားထိုးကုသခြင်းများ ကို ဆက်လက်ဆောင်ရွက်သွားမမယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN