ဗိုလ်ချုပ်ပြတိုက်တွင် အထူးပြပွဲ ပြရန် ပြင်ဆင်မှုများဆောင်ရွက်လျက်ရှိ


(ပြည်တွင်း) ဇွန်လ ၁၆

လာမယ့်ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်မည့် (၇၈) နှစ်မြောက် အာဇာနည်နေ့မှာ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်(ရန်ကုန်)မှာ အထူးပြပွဲ ခင်းကျင်းပြသဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ဒါကြောင့် ပြတိုက်ကို ဇွန်လ ၁၇ ရက်ကနေ ဇူလိုင်လ ၁၈ ရက်ထိ ခေတ္တပိတ်ထားမှာဖြစ်ပြီး ဇူလိုင်လ ၁၉ ရက် မှ ပြန်လည်ဖွင့်လှစ်မှာ ဖြစ်ကာ အရင်နှစ်တွေအတိုင်း အခမဲ့ဝင်ရောက်လေ့လာခွင့် ပြုမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်နှစ်တွေကတော့ အထူးပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)မှာ ဘုတ်ပြားတွေနဲ့ ပြသတာ IT နည်းပညာနဲ့ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ရဲ့ မြေယာရှုခင်းတွေကို 3D Virtual Tour ပြသခြင်း၊ ဗိုလ်ချုပ် အောင်ဆန်း နေအိမ် Architecture Design ကိုပြသခြင်း၊ ဗိုလ်ချုပ်အောင်ဆန်းနေအိမ် ဗီရိုအတွင်းရှိပစ္စည်းတွေကို ဓာတ်ပုံရိုက်ကူး ပြီး Mobile Application နဲ့ပြသခြင်း၊ 3D Holographic Fan နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေ၊ နှစ်အလိုက် အထူး ပွဲခင်းကျင်းပပြသထားတဲ့ ဓာတ်ပုံမှတ်တမ်းပြကွက်တွေကို Touch Screen နဲ့ ပြသပေးခဲ့ပါတယ်။

ဗိုလ်ချုပ် အောင်ဆန်းပြတိုက်ဟာ အကျယ်အဝန်း ၂ ဒသမ ၄၂၃ ဧကရှိပြီး ၁၉၂၁ ခုနှစ် ၂၀ ရာစု ဥရောပပုံစံနှင့် အနောက်တိုင်း ဗိသုကာပုံစံတို့ကို ရောနှောတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN