(ပြည်တွင်း) ဇွန်လ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-မြင်းခြံသွားကားလမ်း၊ ကံဦးစံပြကျေးရွာအနီး ကွင်းပြင်တွင် မိတ္ထီလာမြို့အား ပစ်ခတ်ရန် အကြမ်းဖက်သောင်းကျန်း သူများ တပ်ဆင်ထားသော ရှော့တိုက်ဒုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ယမန်နေ့ နေ့လည်ပိုင်းက အကြမ်းဖက်သောင်းကျန်းသူများမှ မိတ္ထီလာမြို့ကို ပစ်ခတ်ရန် ရှော့တိုက်ဒုံးများပြင်ဆင်ထားကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ တပ်မတော် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ၊ ရှော့တိုက်ဒုံး ၁၂ လုံး၊ ဒုံးတင်စင် ၁၂ ခု၊ ဘက္ထရီ ၃ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မိတ္ထီလာ-မြင်းခြံသွား ကားလမ်းဘေးရှိ အနီးပတ်ဝန်းကျင်အား ဆက်လက်ရှင်းလင်းခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews