ရာဘာအစေးပြားဝယ်ရောင်းလုပ်ကိုင်နေသူ အမျိုးသားတစ်ဦးအား အကြမ်းဖက်PDFမှ ပစ်သတ်

(မှုခင်း) ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ သဲတန်းကျေးရွာ(ဒေသအ​ခေါ်)တွင် အရပ်သားပြည်သူတစ်ဦးအား အကြမ်းဖက်PDFနှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

ယမန်နေ့ည ၈နာရီအချိန်ခန့်က အောင်မြန်မာကျေးရွာနှင့်ချောင်းဖျားကြီးကျေးရွာ ရွာချင်းဆက်လမ်းမပေါ်ရှိ ဒဂုန်တင်းဘားဆီအုန်းခြံအနီးတွင် ရာဘာအစေးပြားဝယ်ရောင်းလုပ်ကိုင်နေသူ ဦးအောင်ကိုလတ်အား အကြမ်းဖက်PDF၂ ဦး မှသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်သမားနှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဦးအောင်ကိုလတ်သည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးသူအလောင်းအား ကော့သောင်းပြည်သူ့ဆေးရုံသို့ သယ်ယူလျက်ရှိကြောင်း သိရသည်။