ဇွန် ၅ ရက်နေ့တွင် ရန်ကုန်မှ မြို့နယ် ၅ ခု ဓာတ်အားပြတ်တောက်မည်

(ပြည်တွင်း) ဇွန် ၅

မလွတ်ကင်းသောဓာတ်အားလိုင်းများအား ခေတ္တပိတ်ပြီး ဒဂုံအရှေ့ – လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၅ ခုမှာ ဓာတ်အားပြတ်တောက်မှုများခေတ္တဖြစ်ပေါ်မှာဖြစ်ကြောင်း သိရသည်။

230kV ဒဂုံအရှေ့-လှော်ကားဓာတ်အားလိုင်းတည်ဆောက်ရာမှာ တိုင်ထူခြင်းနှင့်မလွတ်ကင်းသော ဓာတ်အားလိုင်းများ ပြောင်းရွှေ့တည်ဆောက်ခြင်းလုပ်ငန်းနှင့် 230kV ဓာတ်အားလိုင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV လှော်ကား-ပုလဲ-လှည်းကူး-ရွှေပေါက္ကံဖီဒါ၊ 33kV ပုလဲ-မဉ္ဇူရီဖီဒါ နှင့် 33kV ပုလဲ-ဘီယာချမ်းဖီဒါတို့အား ဇွန်လ ၆ ရက်နေ့၊ နံနက် ၁၁ နာရီ မှ ၁၅ နာရီအထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်း ရွှေပေါက်ကံမြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့၊ လှည်းကူးမြို့နယ်နှင့် ဖောင်ကြီးမြို့တို့ရှိ ရပ်ကွက်နေရာ အချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အသိပေးပန်ကြားထားသည်။