ကန်းဒေါင့်လုံံခြုံရေးတပ်ဖွဲ့ကို PDFအဖွဲ့ များပူးပေါင်းတိုက်ခိုက် အကြမ်းဖက်အဖွဲ့မှ ၆၀ ကျော်သေဆုံး

(မှုခင်း) ဇွန် ၄

နဂါးဦးဆောင်သော ပုလဲအကြမ်းဖက်PDFအဖွဲ့နှင့် ယောဒေသမှ ချင်းအကြမ်းဖက် PDFအဖွဲ့ပူးပေါင်းအင်အား ၅၀၀ခန့်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့် လုံခြုံရေးပူးပေါင်းအထိုင်စခန်းကို ယမန်နေ့နံနက် ၃ နာရီအချိန်မှစတင် စီနင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့မှ ရွတ်ရွတ်ချွန်ချွန်ခုခံပြီး လေကြောင်းပစ်ကူရယူ၍ အကြမ်းဖက်အဖွဲ့များစုရပ်ကို မြေပုံအညွန်းရယူကာ ချေမှုန်းရှင်းလင်းခဲ့ကြောင်းသိရသည်။

ယင်းသို့ချေမှုန်းရှင်းလင်းရာ အကြမ်းဖက်PDFအဖွဲ့ဝင် ၆၀ ကျော်ကျဆုံး၍ အဖွဲ့ဝင် ၄ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ ကြောင်းသိရသည်။

အကြမ်းဖက်အဖွဲ့များက သေဆုံးသွားသောအလောင်းများကို Faw ကား နှစ်စီးဖြင့် သယ်ထုတ်သွားကြောင်းသိရပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်လျှက်ရှိကြောင်း မြေပြင်မှ ပြည်သူ တစ်ဦး၏ သတင်းပေးချက်အရသိရသည်။

အလားတူ ကနီမြို့နယ်၊ ယာကြီးကျေးရွာတွင်လည်း KIAအင်းအား နှစ်သုတ်ခွဲ၍​ ဇွန်လ ၁ ရက်နေ့က အင်အား ၄၀၀ ခန့် ရောက်ရှိနေ​​ကြောင်းသိရပြီး စားသောက်ဆိုင်များတွင် သောက်စားနေကြကြောင်းဒေသခံများထံမှသိရသည်။