နည်းပြ ကွန်တီ ထွက်ခွာမည်ဟု အတည်ပြုပြောကြားခဲ့တဲ့ နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်


(အားကစား) မေလ ၂၈

နာပိုလီအသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးပြီးနောက် နည်းပြ ကွန်တီ ဟာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်တယ်လို့ နာပိုလီအသင်း ဥက္ကဋ္ဌ ဒီလော်ရန်းတစ် က အတည်ပြုပြောကြားသွားခဲ့ပါတယ်။

ကွန်တီ ဟာ နာပိုလီအသင်းနဲ့ ပထမဆုံးရာသီမှာပဲ စီးရီးအေချန်ပီယံဆုကို ရယူပေးနိုင်ခဲ့ပေမယ့် အသင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံရေး မပြေလည်တာကြောင့် ရာသီအကုန် မှာ အသင်းကနေ ထွက်ခွာဖို့များတယ်လို့ သတင်းတွေက ဖော်ပြနေခဲ့ကြတာဖြစ်ပြီး အခုချိန်မှာ ဒီလော်ရန်းတစ်က အဆိုပါသတင်းတွေကို အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

ကွန်တီ ဟာ အသင်းဟောင်း ဂျူဗင်တပ်အသင်းကို တာဝန်ယူဖွယ်ရှိနေပြီး ဂျူဗင်တပ်နည်းပြဟောင်း အယ်လီဂရီ ကတော့ နာပိုလီအသင်းနည်းပြသစ် ဖြစ်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။

နာပိုလီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကလည်း ချန်ပီယံဖြစ်ပြီးနောက် နည်းပြ စပယ်လက်တီနဲ့ လမ်းခွဲခဲ့သလို အခုတစ်ကြိမ် ချန်ပီယံဖြစ်ပြီး ရက်ပိုင်းအကြာမှာ နည်းပြ ကွန်တီနဲ့ လမ်းခွဲရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN