(မှုခင်း) မေလ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ နပ္ပလင်ကျေးရွာမှ တောင်သူတစ်ဦးအား အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦးမှ လာရောက်သတ်ဖြတ်သွားကြောင်း သိရသည်။
ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က နပ္ပလင်ကျေးရွာနေ ဦးစိန်သန်း၊ ၆၇ နှစ်၊ (ဘ)ဦးအောင်မောင်း သည် နေအိမ်၌ တစ်ဦးတည်း ဆီဆုံကြိတ်နေစဥ် အကြမ်းဖက် PDF အဖွဲ့ဝင် ၇ ဦးမှာ သေနတ်အတို/အရှည်များကိုင်ဆောင်လျက် ဆိုင်ကယ် ၃ စီးဖြင့် ရွာ၏အနောက်ဘက် ကံကြီးကုန်းကျေးရွာဘက်မှရောက်ရှိလာကာ ဦးစိန်သန်းအား သေနတ်ဖြင့်ပစ်ခတ်ပြီး လာရာလမ်းအတိုင်း ပြန်လည်မောင်းနှင်သွားကြောင်း သိရသည်။
အဆိုပါ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးစိန်သန်းတွင် ဦးခေါင်းယာဘက်ခြမ်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဦးခေါင်းဝဲဘက်ခြမ်း ပွင့်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews