အင်းစိန်တွင် တနေ့တည်း ယာဥ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွား


(မှုခင်း) မေလ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြိုနယ်၊ မြို့သစ် က+ခ ရပ်ကွက်၊ ညောင်ပင်မှတ်တိုင်အလွန် ဓမ္မိကာရာမ ပေါက်တောကျောင်းတိုက်ရှေ့တွင် YBS ယာဥ်မှ ကွန်တိန်နာကားအား ဝင်တိုက်မိကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က ဘုရင်နောင် မှ ပေါက်တောဝဘက်သို့ ယာဉ်မောင်း ချစ်ဇော်မိုး မောင်းနှင်လာသော YBS(40)6P/7545 ခရီးသည်တင် ယာဉ်မှ မြို့သစ်(က+ခ)ရပ်ကွက် ညောင်ပင်မှတ်တိုင် အလွန်ဓမ္မိကာရာမပေါက်တော ကျောင်းတိုက်ရှေ့အရောက် ၎င်း၏အရှေ့ရှိ ယာဥ်‌‌မောင်းသက်‌အောင်ခိုင်‌ မောင်းနှင်‌သော ကွန်တိန်နာ တင်ဆောင်ထားသော 9H/7794 ယာဉ်အား အနောက်ဘက်မှဝင်ရောက်တိုက်မိသဖြင့် YBS(40) ယာဉ်မောင်းဘက်ခြမ်းချိုင့်ဝင်၍ စတီယာရင်ကွေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဥ်တိုက်မှုတွင် ယာဉ်မောင်းနှင့်တကွခရီးသည်များ ထိခိုက်မှုမရှိကြောင်း၊ ယာဉ်မှုစစ်အားအကြောင်းကြားစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ် တညင်းကုန်းရပ်ကွက် ရွှေပြည်သာတံတားလမ်းအတိုင်း အရှေ့မှာအနောက်သို့ မောင်းနှင်းလာသော MDY.10.2N..9414TOYOTA RACYID အနက်ရောင်ယာဥ်မှ ဆက်သွယ်ရေးတိုင်(ကြိုးမတပ်ဆင်ရသေး)တိုင်အား တိုက်မိကာ အဆိုပါယာဥ်မှာ ရေမြောင်းထဲသို့ ထိုးကျပျက်စီးသွားခဲ့ပြီး ယာဥ်မောင်းဖြစ်သူမှာ ယာဥ်အားထားခဲ့ကာ ထွက်ပြေးတိမ်ရှောင်သွားခဲ့ကြောင်း သိရသည်

Telegram»…
https://t.me/positiveanglenews

PAN