(မှုခင်း) မေလ ၂၇

လင်မယားနှစ်ယောက်စကားများ ရန်ဖြစ်ရာမှာ လင်ယောကျ်ားဖြစ်သူမှ မိန်းမဖြစ်သူအား ဓါတ်ဆီးလောင်းမီးရှို့မှုဖြစ်ပွားခဲကြောင်း သိရသည်။

၂၀၂၅ ခုနှစ် မေလ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ မကြက်စုကျေးရွာနေ မသူသူစံ၊ အသက် ၁၈ နှစ်သည် မီးလောင်ဒဏ်ရာ များဖြင့် ပဲခူးဆေးရုံသို့ ရောက်ရှိနေကြောင်းသတင်းအရ တာဝန်ရှိသူများမှသွားရောက်စစ်ဆေးခဲ့ရာတွင် မသူသူစံ သည် ပေါင်လည်မှစ၍ ခန္ဓာကိုယ်အထက်ပိုင်းတစ်ခုလုံး မီးလောင်ဒဏ်ရာများရရှိထားပြီး မသူသူစံအား မေးခဲ့မြန်းရာ ရရှိထားသော ဒဏ်ရာများကြောင့် စကားပြန်မပြောနိုင်ကြောင်း၊ မကြက်စုကျေးရွာသို့ လိုက်သွားခဲ့ရာ မေလ ၂၄ ရက်နေ့ ည ၁၁ နာရီအချိန်တွင် မသူသူစံ နှင့် ခင်ပွန်းဖြစ်သူ ကျော်လင်းသိန်း၊ ၃၇ နှစ်၊ (ဘ)ဦးမြဝင်း၊ လက်သမားလုပ်ငန်းလုပ်ကိုင်သူတို့သည် လင်မယားချင်းစကားများ ရန်ဖြစ်ကြရာ ကျော်လင်းသိန်းမှာ မသူသူစံအား ဓါတ်ဆီနှင့်ပက်၍ မီးရှို့ခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုမှ ပြောပြခဲ့သဖြင့်သိရှိခဲ့ရပြီး ဒဏ်ရာရရှိသူ မသူသူစံအား ရဲဆေးစာ ဖြင့် ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပေးပို့ခဲ့ပြီး ဆေးကုသမှုခံယူနေကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပက်သက်၍ ဓါတ်ဆီနှင့်ပက်၍ မီးရှို့သူ ကျော်လင်းသိန်းအား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်နွယ်နွယ်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် သနပ်ပင်မြို့မ ရဲစခန်းမှ(ပ)၆၁/၂ဝ၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ အမှုရေးဖွင့်ကာစစ်ဆေးလျှက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews