(ပြည်တွင်း) မေ ၂၄
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် လက်ခုပ်ရွာအနီး ပွင့်ဖြူ စလင်းလမ်းမပေါ်တွင် ယနေ့ မေလ ၂၄ ရက်နေ့ မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် ခရီးသွားအချို့ ဒဏ်ရာရရှိကြောင်း သိရသည်။

ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဥ်တစ်စီး ပွင့်ဖြူ – စလင်းလမ်းပေါ်တွင်မောင်နှင်နေစဥ် ပွင့်ဖြူမြို့ မြောက်ဘက် လက်ခုပ်ရွာမြောက်ဘက်ရှိ ညောင်ပင်ကွေ့နေရာအနီးအရောက်တွင် PDF အကြမ်းဖက်များထောင်ထားသည့် မိုင်းကွဲမှုဖြစ်သည့်အတွက် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်းပေါကိကွဲမှုကြောင့် စလင်းမြို့နယ် ဇီးဖြူပင်အုပ်စု၊ သန်းကုန်းကျေးရွာမှ၊ 9P/— အဖြူရောင် HIJET အမျိုးအစား၊ ယာဥ်မောင်း ဦးဇော်ဇော်ထွန်း အသက် ၄၆ နှစ်၊ ဦးကိုကိုနိုင် အသက် ၄၁ နှစ်၊ မအိမ့်ရတနာကို အသက် ၆ နှစ်တို့ ၃ ဦး ဒဏ်ရာကိုယ်စီရရှိခဲ့သည်ဟု သိရသည်။
PDF အကြမ်းဖက်များထောင်ထားသည့်မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူများအား ပွင့်ဖြူဆေးရုံသို့ပို့ဆောင်ကာ ကုသမှုပေးထားကြောင်း သိရသည်။
#PAN