(နိုင်ငံတကာ) မေလ ၂၃

ရုရှားဖက်ဒရေးရှင်း Rostec ကုမ္ပဏီထုတ် BT 3F သံချပ်ကာတိုက်ယာဥ်သစ်ကို ကာကွယ်ရေးဝန်ကြီးဌာနက စစ်မြေပြင်လက်တွေ့ စမ်းသပ်မှုများစတင်နေတယ်လို့ သိရပါတယ်။

ကုန်း-ရေ နှစ်သွယ်သွားဖြစ်ပြီး စစ်သည် ၁၂ ဦး ဝတ်စုံပြည့်ဖြင့်တင်ဆောင်နိုင်တယ်လို့လည်း သိရပါတယ်။

ယာဥ်အလေးချိန် ၁၈ တန်ဖြစ်ပြီး ဒီဇယ်အင်ဂျင်တပ်ဆင်ထားကာ ကုန်းပေါ် တစ်နာရီ ကီလိုမီတာ ၉၀၊ ရေတွင် ၁၀ ကီလိုမီတာနှုန်းဖြင့် ဆီအပြည့် အကွာအဝေး ၆၀၀ ကီလိုမီတာအထိ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။
၁၂.၇ မမစက်အမြောက်၊ စက်သေနတ်ကြီးများ၊ တင့်ဖျက်ဒုံးများ တပ်ဆင်နိုင်ပြီး လေကာစနစ်၊ အီလက်ထရွန်းနစ်စစ်ဆင်ရေး စနစ်များပါဝင်ကာ အဲယားကွန်းပါတပ်ထားလိုလဲ ဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံက Pre Order တင်ထားပြီး ဝယ်ယူရန်စိတ်ဝင်စားသော မိတ်ဖက်နိုင်ငံ အများအပြားရှိနေပြီး၊ အရှေ့တောင်အာရှအပါအဝင် ပတ်ဝန်းကျင်၊ မြေပြင် အနေအထားစုံ အသုံးပြုနိုင်ပြီး လေယာဉ်၊ ရဟတ်ယာဥ်၊ ကမ်းထိုးယာဥ်များဖြင့် အလွယ်တကူ သယ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews