တာချီလိတ်မြို့နယ်တွင် ဂိမ်းခုံအတွင်းရှိ အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

(ပြည်တွင်း) မေ ၂၃

ရှမ်းပြည်နယ် အရှေ့​ပိုင်း၊ တာချီလိတ်မြို့နယ် ၊ဆန်ဆိုင်း(ခ) ရပ်ကွက် ၊ဝမ်မိုင်၊ နှင်းဆီမြန်မာလမ်း၊နော်ရှဲလားဟူ လိုင်းခန်းအနီးရှိ ဂိမ်းခုံ အတွင်းတွင်ရှိနေသည့် အမျိုးသား တစ်ဦးအား ယနေ့ ညနေ ၃နာရီ ၅၀ မိနစ် အချိန်တွင် လူ(၂)ယောက်မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရှိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ဦးအိုက်ယီဖြစ်ပြီး သေနတ်ဒဏ်ရာကြောင့် အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားကြောင်း သိရှိရပြီး လာရောက်ပစ်ခတ်သူနှစ်ဦးမှာ ဆိုင်ကယ်နှင့် ရောက်ရှိလာကာ ပစ်ခတ်သွားခြင်း ဖြစ်ကြောင်းသိရှိရသည်။

၎င်းပစ််ခတ်မှု ဖြစ်စဉ်နှင့်ပတ်သတ်၍ အသေးစိတ် သိရှိနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အပူတပြင်း ရှာဖွေ စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။

#PAN