(ပြည်တွင်း) မေလ ၂၂

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း(ရန်ကုန်)နှင့် နားမကြားသောကလေးများကျောင်း (မန္တလေး) တို့တွင် ကျောင်းသား၊ ကျောင်းသူများ ခေါ်ယူနေကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရပါတယ်။
ကျောင်းသား၊ ကျောင်းသူများအနေနဲ့ လျှောက်ထားရာတွင် သတ်မှတ်ချက်များအနေဖြင့် အကြားအာရုံချို့ယွင်း အားနည်းသူ၊ အသက် ၆ နှစ်မှ ၁၈ နှစ်အတွင်းရှိသူ၊ အကြားအာရုံချို့ယွင်းအားနည်း မှုမှလွဲ၍ ကျန်းမာရေးကောင်းမွန်သူ၊ စာပေနှင့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ယူလိုစိတ်ရှိသူနှင့် အိမ်ထောင်မရှိဖူးသူ(လူပျို/အပျို) ဖြစ်ရမှာ ဖြစ်ပါ တယ်။
ကျား/မ၊ လူမျိုးနှင့်ကိုးကွယ်ရာဘာသာမရွေးလျှောက်ထားနိုင်ပြီး ကျောင်းအပ်နှံပါက မိဘ(သို့မဟုတ်)အုပ်ထိန်းသူ ကိုယ်တိုင် လာရောက်အပ်နှံရမှာဖြစ်ပါတယ်။
ကျောင်းအပ်နှံရာတွင် ကလေး၏ပတ်စ်ပို့ဓာတ်ပုံ ၄ ပုံ၊ ဖွားစာရင်း မူရင်းနှင့် မိတ္တူ၊ မိဘ ၂ ဦး မှတ်ပုံတင် မူရင်းနှင့် မိတ္တူ၊ အိမ်ထောင်စုဇယား မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ် ရေးမှူး၏ ရပ်ကွက်တွင်နေထိုင်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာ မြို့နယ်ကျန်းမာရေးဌာန၏ ကူးစက်ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်နှင့် အကြား အာရုံချို့ယွင်းမှု တိုင်းတာစစ်ဆေး ပြီးသည့် နားကြားနှုန်း (Audiograph dB)စာရွက်စာတမ်း စသည်တို့ လိုအပ်ပါတယ်။
လျှောက်ထားလိုသူများသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ နားမကြားသောကလေးများကျောင်း၊ အမှတ်-၃၄၊ F, G၊ အိုးစု ၃ လမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့နှင့် နားမကြားသောကလေးများကျောင်း၊ အကွက်-၈၅၈ ၊ ချမ်း/တောင်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့သို့ တိုက်ရိုက် ဖြစ်စေ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူမှုဝန်ထမ်းရုံးများမှတစ်ဆင့် စုံစမ်းနိုင်ပါတယ်။
အသေးစိတ်သိလိုပါက လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးဌာနစု၊ ဖုန်းနံပါတ် ၀၆၇-၃၄၀၄၂၅၂၊ နားမကြားသောကလေးများကျောင်း(ရန်ကုန်) ဖုန်းနံပါတ် ၀၁-၉၅၄၈၈၇၂၊ ၀၉-၂၅၀၀၇၇၂၆၈ နှင့် နားမကြားသောကလေးများကျောင်း(မန္တလေး) ဖုန်းနံပါတ် ၀၂- ၄၀၃၄၆၁၇၊ ၁၂-၄၀၃၀၀၄၃၊ ၀၉ – ၄၀၂၆၆၂၆၈၉ တို့ထံ (ရုံးချိန်အတွင်း) ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews