ရန်ကုန်မြို့မှာ Korea Education Fair 2025 ပညာရေးဆွေးနွေးပွဲ ကျင်းပမည်


(ပြည်တွင်း) မေ လ ၂၁

တောင်ကိုရီးယားနိုင်ငံ၌ ပညာသင်ကြားလိုသူများနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိလိုသူများအတွက် Korea Education Fair 2025 ကို World Korea Myanmar မှဦးစီး၍ မေလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရန်ကုန်မြို့ရှိ Junction City မှာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

Korea Education Fair 2025 ပညာရေးဆွေးနွေးပွဲသို့ တောင်ကိုရီးယားနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်များမှ ဆရာ၊ ဆရာမများ ကိုယ်တိုင်တက်ရောက်မှာဖြစ်ပြီး မြန်မာကျောင်းသား၊ ကျောင်းသူများနှင့် တိုက်ရိုက်ဆွေးနွေး ပေးသွားမှာဖြစ်သည့်အပြင် ပညာသင်ဆုအခွင့်အလမ်းများ၊ ကံစမ်းမဲလက်ဆောင်များနှင့် စိတ်ဝင်စားဖွယ်အစီအစဉ် များစွာ ပါဝင်မှာဖြစ်ပါတယ်။

ဆွေးနွေးပွဲတွင် ဆေးဘက်ဆိုင်ရာ၊ အင်ဂျင်နီယာပညာ၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း၊ လေကြောင်း ဝန်ဆောင်မှု၊ အလှအပ၊ နည်းပညာနှင့် ဘာသာစကားသင်ကြားရေး စတဲ့ ဘာသာရပ်များ အကြောင်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲသို့ တက်ရောက်လိုသူများအနေနဲ့ မိမိစိတ်ဝင်စားသည့်ဘာသာရပ်များ၊ တက္ကသိုလ်ရွေးချယ်မှု များနှင့် ပညာသင်ဆုအတွက် လျှောက်ထားနိုင်သည့်နည်းလမ်းများအကြောင်းကို တိုက်ရိုက်မေးမြန်းနိုင်ပြီး စကားပြန် ဝန်ဆောင်မှုလည်းပါဝင်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN