(ပြည်တွင်း) မေ လ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့မှာ အကြမ်းဖက်အဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်လို့ အပြစ်မဲ့ အရပ်သား ၁ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်က ကျုံဒိုးမြို့၊ အမှတ်(၄)ရပ်ကွက်အတွင်းက ဒေသအခေါ် ကျွန်းကလေးကျေးရွာဘကကို အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ရှော့တိုက်ဒုံး ၁ လုံးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ နစကအစိုးရက သတင်း ထုတ်ပြန်ထားပါတယ်။
အခုလို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းကို ရှော့တိုက်ဒုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ အသက် ၄၀ အရွယ် ဦးအောင်သက်ကိုဦးမှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
လက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အပြစ်မဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ မြို့၊ ရွာ၊ ရပ်ကွက်၊ အတွင်းမှာ တိုက်ပွဲဖော်ဆောင်တာတွေ၊ လက်နက်ကြီး၊ ရှော့တိုက်ဒုံး၊ Drop Bomb တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို လုပ်ဆောင်လျက်ရှိနေတယ်လို့ နစကအစိုးရက ပြောပါတယ်။
အခုလို အပြစ်မဲ့ အရပ်သားပြည်သူတွေ အေးချမ်းစွာနေထိုင်လျက်ရှိတဲ့ နေရာတွေကို ပစ်ခတ်တိုက်ခိုက်တာတွ လုပ်ဆောင်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူတွေက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို ပြည်သူလူထုနဲ့ ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိနေတယ်လို့လည်း နစကအစိုးရဘက်က သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews