“ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော်ရရှိ

(စီးပွားရေး) မေ ၂၀

ယခုဘဏ္ဍာနှစ်စ ဧပြီလအတွင်း ပုဂ္ဂလိကကဏ္ဍမှ ပြည်ပသို့ ပျားရည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၅၅ သန်းကျော်ရရှိထားကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားလုပ်ငန်းဌာန ပျားမွေးမြူမှုဖွံ့ဖြိုးရေး ဌာနခွဲမှ သိရပါတယ်။

ဧပြီလအတွင်း ပြည်ပသို့ ပုဂ္ဂလိကကဏ္ဍမှ ပျားရည်တင်ပို့မှုအနေဖြင့် ပုံမှန်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ် တန်ချိန် ၂၃၆ ဒသမ ၉၁ တန်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၅၅ သန်းကျော် ရရှိထားပါတယ်။

ပြည်ပ နိုင်ငံများသို့ တင်ပို့ရာမှာ ဂျပန်နိုင်ငံသို့ ပျားရည်မက်ထရစ်တန်ချိန် ၉၆ ဒသမ ၂၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၄၄,၃၁၅ ဒေါ်လာရရှိခဲ့ပြီး ထိုင်းနိုင်ငံသို့ ပျားရည်မက်ထရစ်တန်ချိန် ၁၄၀ ဒသမ ၇ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၁၁,၀၅၀ ဒေါ်လာရရှိခဲ့တာကြောင့် စုစုပေါင်းမက်ထရစ်တန်ချိန် ၂၃၆ ဒသမ ၉၁ တန်တင်ပို့နိုင်ခဲ့ကာ အမေရိကန် ဒေါ်လာ ၀ ဒသမ ၃၅၅ သန်းရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ပျားရည်ကို ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့် တရုတ်နိုင်ငံ တို့ထံ အဓိကတင်ပို့လျက်ရှိပါတယ်။ ပျားရည်ထုတ်လုပ်မှုအနေနဲ့ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာ ပျားရည်၊ ရော်ဘာပျားရည် နှင့် လိုက်ချီးပျားရည်တို့ကို ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။

#PAN