
(အားကစား) မေ ၂၀
ဘရာဇီးလ်စီးရီးအေကလပ်အသင်းတစ်သင်းက ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာအသင်းရဲ့ ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို ကို ခေါ်ယူရန် ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
စီရော်နယ်ဒို က အယ်လ်နာဆာအသင်းနှင့် စာချုပ်သက်တမ်း ကျန်ရှိနေသော်လည်း လာမယ့် ရာသီမှာ အယ်လ်နာဆာအသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် အသင်းအနေနဲ့ ဆက်လက်ရှိနေစေရန် တားဆီးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ဘရာဇီးလ်ကလပ်အသင်းမှာ အမည်ဖော်ပြထားခြင်းမရှိဘဲ လာမည့်နှစ်အတွင်း ကလပ်ကမ္ဘာ့ဖလားဝင်အသင်း ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် စီရော်နယ်လ်ဒို ကို ပါဝင်စေလိုနေခြင်းဖြစ်ပါတယ်။
စီရော်နယ်လ်ဒို ကလည်း ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတယ်လို့ မီဒီယာတချို့က ဖော်ပြနေကြပါတယ်။