(ပြည်တွင်း) မေလ (၁၉)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို မေ (၁၉) ရက်နေ့၊ နံနက် (၉) နာရီမှ စတင်ကာ တောင်သူဦးကြီး များထံ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

မိုးရာသီ၌ လယ်ယာလုပ်ငန်းခွင် စတင်ဝင်ကြမည့် လယ်သမားများအနေဖြင့် မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများကို အချိန်မီ ဆောင်ရွက်နိုင်စေရန်အတွက် ယခင် စိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျန် မရှိသည့် တောင်သူများအား အတိုးနှုန်း (၅) ရာခိုင်နှုန်းဖြင့် ဦးစားပေး ထုတ်ချေးပေးခြင်းဖြစ်ပြီး မိုးစပါးတစ်ဧကလျှင် (၁၅၀,၀၀၀)နှုန်းဖြင့် ထုတ်ပေးကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅ ခုနှစ် လျာထားဧက (၉,၀၀၀)အတွက် ချေးငွေ ကျပ်သိန်း ကျပ်သိန်း (၁,၁၄၂,၅၅၀,၀၀၀) ထုတ်ချေးပေးရန် လျာထားပြီး ယနေ့တွင် ပထမဆုံးထုတ်ချေးသည့် ကျုံဝမ်းကျေးရွာမှ တောင်သူ (၄၁)ဦး၊ စိုက်ဧက (၂၆၆)ဧကအတွက် ချေးငွေစုစုပေါင်း ငွေကျပ် (၃၉၉)သိန်းကို တောင်သူလက်ဝယ်အရောက် ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးမင်းသက်စံထံမှ သိရသည်။
Telegram»…
https://t.me/positiveanglenews