ဒုံဝန်းဘူတာအလွန် မော်လမြိုင်-ရန်ကုန် မီးရထား သံလမ်းပေါ်တွင် အကြမ်းဖက် KNU/PDF အဖွဲ့ထောင်ထားသော လက်လုပ်မိုင်းများ ရှင်းလင်းဖယ်ရှား


(ပြည်တွင်း) မေလ ၁၆

မွန်ပြည်နယ်၊ သထုံံမြို့နယ်အတွင်းရှိ ဒုံဝန်းဘူတာအလွန်တွင်ရှိသော တံတားအမှတ် BR 75၊ မိုင်တိုင်အမှတ် ၁၂၀/၂၃ နှင့် ၂၄ ကြားရှိ မော်လမြိုင်-ရန်ကုန် မီးရထား သံလမ်းပေါ်တွင် အကြမ်းဖက် KNU/PDF ပူးပေါင်းဖွဲ့မှ လက်လုပ်မိုင်းများထောင်ထားကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့လုံခြုံဲရေးအဖွဲ့ဝင်းများ သွားရောက်ရှင်းလင်းရာ အဆိုပါတံတားသို့ နံနက် ၈ နာရီ၄၀ မိနစ်အချိန်ခန့်တွင်ရောက်ရှိပြီး ဒေသန္တရလက်လုပ်ရီမုမိုင်း ၃ လုံးကိုတွေ့ရှိခဲ့ရာ ၎င်းမိုင်း (၃)လုံးအား သက်မဲ့ပြုလုပ်ကာ အများပြည်သူအန္တရာယ်ကင်းသည့်နေရာတွင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ရက်တစ်ခုလုံးတွင်ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း(၈၁)ကြိမ်၊ ရထားတံတား/သံလမ်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း (၁၇၅)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၆)ကြိမ် ကျူးလွန်ခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်ပိုင်ရထားစက်ခေါင်းနှင့်တွဲများ၊ ရထားလမ်းနှင့် တံတားများ၊ ခရီးသည်များနှင့် ကုန်စည်များ ထိခိုက်ပျက်စီးဆုံးရှုံး စေရေး၊ ရထားစီးခရီးသွားပြည်သူများအနေဖြင့် ရထားဖြင့်ခရီးသွားလာရာတွင် ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အသက်အန္တရာယ်ကင်းရှင်းစွာဖြင့် လုံခြုံစိတ်ချစွာ သွားလာနိုင်မှု မရှိစေရေးအတွက် ရည်ရွယ်ပြီးယခုကဲ့သို့ အကြိမ်ကြိမ်ကျူးလွန်ဖျက်ဆီးနေကြခြင်းဖြစ်သော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည် ပို့ဆောင်မှု အဆင်ပြေချောမွေ့မြန်ဆန်စေရေးအတွက် ရထားလမ်းနှင့်အခြေခံအဆောက်အဦများ ပိုမိုတိုး တက်ကောင်းမွန်လာစေရေးနှင့် ရထားပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်ရေးစီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ အစဉ်တစိုက် အလေးထားစီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN