ယူရိုပါလိဂ်ဗိုလ်လုပွဲရဲ့ ကွင်းလယ်ဒိုင်အဖြစ် ဖီးလစ်ဇွာယာ ကိုင်တွယ်မည်


(အားကစား) မေ ၁၄

မေလ ၂၂ ရက်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမယ့် မန်ယူအသင်းနှင့် စပါးအသင်းတို့ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် ဂျာမန်လူမျိုး ဖီးလစ်ဇွာယာ က ကိုင်တွယ်သွားမယ်လို့ သိရပါတယ်။

ဖီးလစ်ဇွာယာ ဟာ ဥရောပ၏ အကောင်းအဆုံးဒိုင်လူကြီးမှားထဲမှ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဆီးမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနှင့် အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖီးလစ်ဇွာယာ က အခုရာသီမှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်အပါအဝင် ပြိုင်ပွဲစုံ ၃၇ ပွဲအထိ ကိုင်တွယ်ထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN