ပြင်သစ်လိဂ်မှာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့ ဒမ်ဘီလီ


(အားကစား) မေ ၁၄

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပြင်သစ်လိဂ်ရဲ့ အကောင်းဆုံးကစားသမားဆုကို ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဒမ်ဘီလီ က ရရှိခဲ့ပါတယ်။

ဒမ်ဘီလီ က ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီအသင်းကို ပြင်သစ်လီဂူးချန်ပီယံဆုနှင့် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အဆင့်သို့ ရောက်ရှိအောင် စွမ်းဆောင်နိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် တိုက်စစ်မှူး ဒမ်ဘီလီ က ပီအက်စ်ဂျီအသင်းနှင့်အတူ ပြိုင်ပွဲစုံ ၄၆ ပွဲမှာ သွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN