(ပြည်တွင်း) မေ ၁၃

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဆောင်ရွက်လျက်ရှိတဲ့ ငလျင်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းများတွင် အသုံးပြု ရန်အတွက် Bangladesh Pharmaceutical Society in Myanmar မှ ဆေးဝါးများလှူဒါန်းပွဲကို မေလ ၁၂ ရက်က မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရန်ကုန်ရုံးခွဲ)မှာ ကျင်းပခဲ့ကြောင်း သိရသည်။
လှူဒါန်းပွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain Bangladesh Pharmaceutical Society in Myanmar မှ လှူဒါန်းသော ငွေကျပ် သိန်း ၁၅၀ တန်ဖိုးရှိဆေးဝါးများကို ပေးအပ် လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့် က လက်ခံရယူခဲ့ကာ ကျေးဇူးတင်စကား ပြောကြား၍ ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews