
(ကျန်းမာရေး) မေ ၁၂
ပြောင်းဖူးလို့ ပြောလိုက်ရင် အရင်ဆုံးပြေးမြင်မှာက အဝါရောင်ရှိတဲ့ သကြားပြောင်းပါ။ နောက်ထပ်တွေးမိနိုင်တာက အဖြူရောင်လေးတွေရှိနေတဲ့ ခပ်စီးစီး ပလို့ပြောင်းပေါ့။ ပြောင်းဖူးလေးတွေထဲမှာ အနီရောင်၊ အဝါရောင်၊အဖြူရောင်နဲ့ ခရမ်းရောင်ဆိုပြီး အရောင်အသွေးတွေက စုံနေအောင်ရှိပါတယ်။ ဒီထဲမှာမှ ဆေးဖက်လည်းဝင် စားလို့လည်းကောင်း အာဟာရလည်းပြည့်စေတဲ့ ခရမ်းရောင်ပြောင်းဖူးရဲ့ ကျန်းမာ ရေးအာနိသင်အကြောင်းကို PAN ပရိတ်သတ်များအတွက် ကျန်းမာ ရေး ဗဟုသုတရစေဖို့ ကျန်းမာ ရေးကဏ္ဍကနေ ဖော်ပြပေးလိုက်ပါတယ်။
ခရမ်းရောင်ပြောင်းဖူးလေးက ဆီးချို၊ သွေး တိုး၊ အဝလွန်တာတွေကို သက်သာစေနိုင်သလို သွေးတွင်းကိုလက်စထရောကိုလည်း ကျစေနိုင်ပါတယ်။ အမျှင်ဓာတ်၊ ဗီတာမင်တွေ နဲ့ သတ္တုဓာတ်တွေလည်းပြည့်ဝစွာပါဝင်နေတယ်ဆိုတော့ စားသင့်တယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုပါ။ ခရမ်းရောင်ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုဖြစ်တာကြောင့် ကျန်းမာ ရေးကို အထောက်အကူဖြစ်စေမှာက မလွဲပါပဲ။
ခရမ်းရောင်ပြောင်းဖူးရဲ့ ဆေးဖက်ဝင်ပုံ
၁။ ဝမ်းမှန်စေနိုင်တယ် ။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပေါ့။ အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး ဝမ်းချုပ်တာကို ကာကွယ်ပေးပါတယ်။ ဝမ်းမှန်ချင်သူတွေ စားပေးလို့ရပါတယ်။
၂။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ် ။ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေတဲ့ ခရမ်း ရောင်ပြောင်းဖူး လေးက အစာခြေစနစ်ကိုတင် ကျန်းမာစေတာမဟုတ်ဘဲ သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်။
၃။ ကင်ဆာဖြစ်နိုင်ခြေ နည်းစေတယ် ။ ခရမ်း ရောင်ပြောင်း ဖူးမှာပါတဲ့ anthocyanins ဆိုတဲ့ဒြပ်ပေါင်းက ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ အခြားသော ခရမ်းရောင်ရှိတဲ့ အသီး အနှံတွေဖြစ်ကြတဲ့ ဘယ်ရီသီးတွေ၊ စပျစ်သီးတွေ၊ ခရမ်းရောင်မုန်လာဥနီတို့မှာပါတဲ့ ဒြပ်ပေါင်းတွေထက် ကင်ဆာဆဲလ်ကို ထိထိရောက်ရောက်တိုက်ဖျက်ပေးနိုင်ပါတယ်။
၄။ အဝမလွန်အောင် ကာကွယ်ပေးနိုင်တယ် ။ အဝမလွန်အောင် ကာကွယ်ချင်တယ်ဆိုရင်တော့ ခရမ်း ရောင်ပြောင်းဖူးကို စားပေးလို့ရပါတယ်။ အဝလွန်နေသူတွေနဲ့ ကိုယ်အလေးချိန်ချချင်သူတွေအတွက်လည်း အထူးသင့်တော်တဲ့ စားစရာတစ်ခုပါ။ အခြားအရောင်ပြောင်းဖူးတွေက ဝစေနိုင်ပေမယ့် ခရမ်းရောင်ပြောင်းဖူးကတော့ မဝစေနိုင်ပါဘူး။
၅။ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တယ် ။ ခန္ဓာကိုယ်မှာဖြစ်ပေါ်တဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေဖို့လည်း ခရမ်းရောင်ပြောင်းဖူးကို စားသုံးပေးလို့ရပါတယ်။ ခရမ်း ရောင်ပြောင်းဖူး က ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှုကိုဖြစ်စေတဲ့ cytokines ပမာဏကိုလျှော့ချပေးပါတယ်။
၆။ နှလုံးကျန်းမာစေနိုင်တယ် ။ ဓာတ်တိုးဆန့် ကျင် အာနိသင်ကြွယ်ဝတဲ့ ခရမ်းရောင်ပြောင်းဖူးက သွေးတွင်းက အဆီပိုတွေကို ထိထိရောက်ရောက်ဖယ်ရှားပေးတာကြောင့် နှလုံးကျန်းမာစေနိုင်ပါတယ်။ ရုတ်တရက်နှလုံးရပ်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
၇။ သွေးလည်ပတ်မှု ကောင်းစေနိုင်တယ် ။ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက်က သွေးလည် ပတ်မှု ကောင်းဖို့လိုပါမယ်။ သွေးလည်ပတ်မှုကောင်းမှ ရှင်သန်ရေးအတွက် အရေးပါတဲ့ နှလုံးလည်း ကျန်းမာစေမှာပါ။ ခရမ်းရောင်ပြောင်းဖူးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာ ကိုယ်အနှံ့မှာရှိတဲ့ သွေးကြောလေးတွေကိုကအစ ကျန်းမာစေနိုင်တာကြောင့် သွေးစီးဆင်းမှုကောင်းစေနိုင်ပြီး သွေးခဲတာမျိုး၊ သွေးကြောထဲမှာ ပုံမှန်မဟုတ်တဲ့ သွေးခဲပိတ်ဆို့မှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
၈။ ဆီးချိုဖြစ်နိုင်ခြေကို နည်းစေတယ် ။ ဆီးချိုမဖြစ်အောင် ကာကွယ်ပေးနိုင်သလို ဆီးချိုရှိသူတွေမှာလည်း သွေးချိုထိန်းညှိပေးနိုင်စွမ်းရှိပါတယ်။ ခရမ်းရောင်ပြောင်းက အင်ဆူလင်ထွက်ရှိမှုကောင်းအောင် လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။
၉။ ကျောက်ကပ်ကျန်းမာစေနိုင်တယ်။ ခရမ်း ရောင်ပြောင်းက ဓာတ်တိုးဆန့်ကျင်အာနိသင်တွေ ကြွယ်ဝတာကြောင့် ကျောက်ကပ်တွင်းက သွေး ကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ကျောက် ကပ်က သူ့ရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပြီး ကျောက်ကပ်ကို ကျန်းမာနေအောင် စောင့် ရှောက်ပေးပါတယ်။
၁၀။ မျက်လုံးကျန်းမာစေနိုင်တယ် ။ ခရမ်း ရောင်ပြောင်းဖူးမှာပါတဲ့ Lutein နဲ့ Zeaxathinin တို့က မျက်လုံးကို ကျန်းမာစေနိုင်ပြီး အတွင်းတိမ်ဖြစ်တာ၊ ရေတိမ်ဖြစ်တာနဲ့ အမြင်အာရုံပြဿနာတွေ မဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ မျက် လုံးကို အဓိကအသုံးပြုနေရသူတွေအနေနဲ့ ခရမ်း ရောင်ပြောင်းဖူးကို မျက်လုံးကျန်းမာစေတဲ့ ဓာတ် စာအနေနဲ့ စားသုံးပေးလို့ရပါတယ်။ မျက် လုံးကနေစလို့ ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာစေဖို့အတွက် အထောက်အကူပြုပေးနေတဲ့ ခရမ်းရောင်ပြောင်း ဖူးလေးကို ဆေးဖြစ်ဝါးဖြစ်လောက်တော့ စားသုံးကြည့်ဖို့ တိုက်တွန်းပါရစေ။
(Crd; Hello Sayarwon)
#PAN