(မှုခင်း) မေ ၆

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ အကွက်(၄၈၉)၊ ၈၄ လမ်း၊ ပတီးလမ်းရပ်တွင် ဂက်(စ်)အိုးအကြီးမှ Gas အိုးအသေးသို့ Gas အရည်ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယမန်နေ့နံနက် ၁၁ နာရီအချိန်ခန့်က ပတီးလမ်းရပ်နေ ဦးဝင်းကျော်၊ ၄၅ နှစ်၊(ဘ)ဦးသန်းဝင်း ဌားရမ်းဖွင့်လှစ်ထားသည့် ၁၅×၁၅ ပေ၊ မြေစိုက်၊ သွပ်မိုး၊ သွပ်ကာ၊အုတ်ခင်း(၁)ထပ် ဂက်(စ်)ဆိုင်အတွင်း (48)Kg ဂက်(စ်)အိုးအကြီးမှ Gas အရည်ခွဲစက်ဖြင့် Portable Gas အိုးအသေးသို့ Gas အရည်ဖြည့်ရာ Pressure လိုအပ်သည်ထက်ပိုမိုဖြည့်မိရာမှ Gas ပွင့်ထွက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ် ပွားရာသို့ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ငြှိမ်းသတ်မှုကြောင့် နံနက် ၁၁ နာရီ ၂၄ မိနစ်အချိန်ခန့်တွင် မီးထိန်းနိူင်ခဲ့ပြီး နံနက် ၁၁ နာရီ ၃၂ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ၁၅×၁၅ ပေ၊ မြေစိုက်၊ သွပ်မိုး၊ သွပ်ကာ၊ အုတ်ခင်း ၁ ထပ် အဆောက်အဦး မီးလောင်ဆုံးရှုံးခဲ့ရပြီး ကာလတန်ဖိုး ၃၃၀,၀၀ဝ ကျပ်ခန့်၊(48)Kg Gas အိုးကြီး ၄ လုံး မီးလောင်ဆုံးရှုံးမှုတန်ဖိုး ၁၀၀၀၀၀ဝ ကျပ်ခန့်၊ ၂၀×၃၀ ပေ၊ နံကပ်(၂)ထပ်အပေါ် ထပ် မီးလောင်ဆုံးရှုံးမှုတန်ဖိုး ၁၅၀၀၀၀ဝ ကျပ်ခန့်၊ စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ၂,၈၃၀,၀၀၀ ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဦးကျော်မိုးလွင်၊ ၃၅ နှစ်၊ (ဘ) ဦးဌေးတင်တွင် မျက်နှာ၊ လက်နှစ်ဖက်လုံး၊ ခြေထောက်နှစ်ဖက်လုံး၊ တင်ပါး မီးလောင်ဒဏ်ရာ(စိုးရိမ်ရ)၊ ကိုခန့်ကိုကိုနိုင်၊ ၂၈ နှစ်၊ (ဘ)ဦးရဲနိူင်တွင် မျက်နှာ၊ လက်နှစ်ဖက်လုံး၊ ခြေထောက်နှစ်ဖက်လုံး၊ တင်ပါး မီးလောင်ဒဏ်ရာ(စိုးရိမ်ရ)၊ ဒေါ်နှင်းဝေဝေလွင်၊ ၄၁ နှစ်၊ (ဘ)ဦးမြင့်လွင်တွင် ခြေထောက်နှစ်ဖက်နှင့်လက်နှစ်ဖက် အနည်းငယ် မီးဟပ်ခံရ(မစိုးရိမ်ရ)၊ သံလျှက်မှော်တောင် အရန်မီးသတ်စခန်းမှ တပ်ကြပ်ဝေဖြိုးသူ၊ ၂၇ နှစ်၊ (ဘ)ဦးအောင်မိုးသူတွင် မျက်နှာမီးဟပ်၊ ညာဘက်လက်ချောင်းအနည်းငယ် မီးလောင်ခံရ(မစိုးရိမ်)ဒဏ်ရာများရရှိခဲ့ကြောင်း၊ မီးလောင်မှုနှင့်ပတ်သက်၍ ဦးကျော်မိုးလွင်၊၃၅ နှစ်၊ (ဘ)ဦးဌေးတင်၊ Gas ဆိုင်အလုပ်သမားအားအမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews