အင်းစိန်ကမ်းနားအနောက် ဘိလပ်မြေဆိပ်ကမ်းတွင် ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရှိ


(မှုခင်း) မေ ၅

ရန်ကုန်တိုင်း​​ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကမ်းနားအနောက် ဘိလပ်မြေဆိပ်ကမ်းတွင် ပိုင်ရှင်မဲ့အလောင်း တစ်လောင်းတွေ့ရှိရကြောင်း သိရသည်။

ယမန်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်က ကမ်းနားအနောက် ဘိလပ်မြေဆိပ်ကမ်းတွင် အမည်မသိအလောင်း တစ်လောင်း ရေမြောကမ်းကပ်လာ၍ ကမ်းနားအနောက် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားလာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့မှ သွားရောက်စစ်ဆေးကြည့်ရာပိုင်ရှင်မဲ့(ကျား)(အမည်မသိ)အလောင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆိုပါ ပိုင်ရှင်မဲ့အမျိုးသားရုပ်အလောင်းအား “တွဲလက်”လှုမှုကူညီရေးအသင်းပိုင်မော်တော်ယာဥ်ဖြင့် အင်းစိန်ဆေးရုံသို့ပို့ဆောင်​ပေးခဲ့​ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN