(ပြည်တွင်း) မေ ၃

ရန်ကုန်မြို့ရှိ အင်ယားလိပ်ဟိုတယ်မှာ ဒုတိယအကြိမ်မြောက် လျှပ်စစ်နှင့်ဆိုလာအလင်းစွမ်းအင် သိုလှောင်မှုပြပွဲကို မေလ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်လျက် ရှိပါတယ်။
အဆိုပါ ပြပွဲတွင် နိုင်ငံတကာ ကုမ္ပဏီအမှတ်တံဆိပ်ပေါင်း ၁၅ဝ ကျော်က ဆိုင်ခန်းပေါင်း ၇ဝ ကျော်နဲ့ လာရောက် ခင်းကျင်းပြသရောင်းချလျက် ရှိပါတယ်။
ပထမအကြိမ် မီးစက်နှင့်ဆိုလာစွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲကို ပြီးခဲ့သည့် ဇန်နဝါရီလတွင် ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။
ပထမအကြိမ် မီးစက်နှင့် စွမ်းအင်သိုလှောင်မှုကုန်စည်ပြပွဲတွင် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီပေါင်း ၁၅၀ ကျော်က လာရောက်ပြသရောင်းချခြင်းဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews