(မှုခင်း) ဧပြီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၌ ဧပြီလ ၂၅ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်၊ ပဒုမ္မာ(၁)လမ်းသွယ်အရောက်၌ မြိတ်မြို့၊ အင်းလေးမြိုင်ရပ်ကွက်နေ မိုးပျံ၊ ၄၃ နှစ် မောင်းနှင်လာသည့် YGN 1F/ xxxx CROWN အမျိုးအစား ခဲရောင် မော်တော်ယာဉ်အား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် မိုးပျံ အား မြိတ်မြို့မရဲစခန်း (ပ)၆၇/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews