(နိုင်ငံတကာ) ဧပြီ ၂၂

အစ္စရေး ဟားမက်စ်တို့၏ တိုက်ပွဲများအတွင်း ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၆၂၀၀၀ ကျော်သေဆုံးခဲ့ပြီး ၁ သောင်းကျော် ပျောက်ဆုံးနေကြောင်း ဒေသတွင်း တာဝန်ရှိသူများ၏အဆိုအရ သိရသည်။
အစ္စရေးစစ်တပ်၏ တိုက်ခိုက်မှုများကြောင့် ဂါဇာကမ်းမြောင်ဒေသရှိ လူနေအိမ်များ ၉၂ ရာခိုင်နှုန်းအထိ ပျက်စီးခဲ့ပြီး အဆောက်အဦးများစွာထိခိုက်ပျက်စီးမှုကြောင့် ကာလတန်ကြေး အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့်ရှိကြောင်းသိရသည်။
ဂါဇာဒေသခံများသည် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာခဲ့ရသော်လည်း အများစု ပြန်လည်ဝင်ရောက်လာပြီး ဒေသခံများ၏ နေအိမ်အဆောက်အဦး ပျက်စီးမှုများအား ဖယ်ရှားရှင်းလင်းရန် လိုအပ်နေဆဲဖြစ်ကြောင်း ကုလတာဝန်ရှိသူများအဆိုအရ သိရသည်။
လက်ရှိအချိန်တွင်လည်း နေအိမ်အပျက်အစီးများ ရှင်းလင်းရာတွင်လည်း လူသေအလောင်းများစွာ ထပ်မံတွေ့ရှိရကြောင်း ဒေသခံများ၏အဆိုအရသိရသည်။
ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အရ နှစ်ဖက်တိုက်ခိုက်မှုများ ခေတ္တရပ်ဆိုင်းခဲ့သော်လည်း ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့မှ စတင်ပြီး အစ္စရေးစစ်တပ်မှ တကျော့ပြန်ထိုးစစ်များ ပြန်လုပ်ဆောင်လာခြင်းကြောင့် ပြည်သူလူထုသေဆုံးမှု ထပ်မံမြင့်တက်လာခဲ့သည်။
Telegram»…
https://t.me/positiveanglenews