(မှုခင်း) ဧပြီ ၂၀
အလှူသွားတဲ့ အုတ်ဖိုမြို့နယ်၊ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူးကို အလှူမဏ္ဍပ်အနီးမှာ အကြမ်းဖက် PDF က ပစ်ခတ်လိုက်တယ်လို့ သိရပါတယ်။

ပဲခူးတိုင်း(အနောက်ပိုင်း) သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ကျောင်းစုရွာမှာနေထိုင်တဲ့ ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးဟာ ငါးရှဉ့်ရိုးရွာလယ် အလှူမဏ္ဍပ်အနီး ရောက်ရှိနေစဥ် ယနေ့နံနက် နံနက် ၆ နာရီ ၁၀ မိနစ်လောက်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို PDF အကြမဖက်တွေက ပစ်ခတ်သတ်ဖြတ်လိုက်ကြတာဖြစ်ပါတယ်။
ငလျင်ကြောင့် အပစ်ရပ်မယ်လို NUG က ကြေညာထားပေမယ့် NUG လက်အောက်ခံ PDF တွေက ပသ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို သတ်ဖြတ်မှု ဆက်လက်ကျူးလွန်နေပါတယ်။
ငါးရှဉ့်ရိုးအုပ်စု အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးကို PDF အကြမ်းဖက်တွေကဦးခေါင်းတည့်တည့်ပစ်သတ်လိုက်ကြတဲ့အပြင် သူနဲ့ ပါလာတဲ့ အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို အကုန် လုယက်သွားခဲ့ကြတယ်လို့ သိရပါတယ်။
#PAN