အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိ


(ပြည်တွင်း) ဧပြီ ၁၆

မန္တလေးငလျင်ကြီးဒဏ်သင့်ဒေသများမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိန္ဒိယနိုင်ငံမှ လှူဒါန်းသည့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ဧပြီလ ၁၅ ရက်က နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ၊ အိန္ဒိယသံရုံးထံမှ သိရပါတယ်။

အိန္ဒိယနိုင်ငံမှ ငလျင်ဒဏ်သင့်ဒေသများရှိ ရုံးခန်းသုံးနှင့်အိမ်ယာသုံးပစ္စည်းများအား အိန္ဒိယနိုင်လေတပ်၏ C 17 လေယာဥ်နဲ့သယ်ဆောင်လာခဲ့ပြီးနောက် နေပြည်တော်တွင် အိန္ဒိယနိုင်ငံသံရုံးမှတာဝန်ရှိသူများက မြန်မာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ငလျင်ဒဏ်သင့် ဒေသများသို့ ရောက်ရှိလာတဲ့ ပြန်လည်ထူထောင် ရေးပစ္စည်းများကို အမြန်ဆုံး ပြန်လည်ခွဲဝေပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN