အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူးဂရုပြုနေထိုင်ကြရန် မိုး/ဇလ သတိပေး


(မိုး/ဇလ) ဧပြီ ၁၆

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဧပြီလ ၁၅ ရက် ကြိုတင်သတိပေးနှိုးဆော်ချက် အမှတ်စဉ် (ဝ၄/၂ဝ၂၅) တွင် မြန်မာနိုင်ငံအတွင်း၌ ဧပြီလလယ်မှစ၍ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း အထူး ဂရုပြုနေထိုင်ကြရန် မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိ ပြုရန် သတိပေးထားပါတယ်။

မြန်မာနိုင်ငံအရပ်ရပ်တွင် ဧပြီလလယ်မှ မြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေမဝင်ရောက်မီအတွင်း လေထုမငြိမ်မသက်မှုများ၊ နေ့အပူချိန်များတဖြည်းဖြည်း မြင့်တက်လာရာမှ အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ညနေပိုင်းတို့တွင် မိုးတိမ်တောင်များဖြစ်ထွန်းခြင်း၊ လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်း ရွာခြင်းဖြစ်စဉ်များဖြစ်ပေါ် နိုင်သည်ဟု အသိပေးချက်တွင် ပါဝင်ပါတယ်။

ဒါ့အပြင် လေပြင်းတိုက်ခတ်ချိန်တွင် မြေပြင်/ရေပြင်လေသည် တစ်နာရီလျှင် မိုင်၄၀ မှ မိုင် ၅ဝ အထိတိုက်ခတ်နိုင်သည်ဟု အသိပေးထားပြီး ပြည်သူများအနေနဲ့ ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနဲ့ပတ်သက်၍ အထူး ဂရုပြုနေထိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြု ကြရန် မိုး/ဇလက သတိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN