ထိုင်းညှိနှိုင်းရေးအဖွဲ့က အခွန်ကိစ္စအတွက် အမေရိကန်အရာရှိများနှင့်တွေ့ဆုံဆွေးနွေးမည်


(နိုင်ငံတကာ) ဧပြီ ၁၆

ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ၏အခွန်စည်းကြပ်မှုနှင့်ပတ်သက်ပြီး ထိုင်းပို့ကုန်များအပေါ် ၃၆ ရာခိုင် နှုန်း အခွန်စည်းကြပ်မှုကိစ္စအား ဆွေးနွေးရန်အတွက် လာမည့်သီတင်းပတ်၌ အမေရိကန်အစိုးရကိုယ်စားလှယ်များနှင့် ထိုင်းညှိနှိုင်းရေးအဖွဲ့တို့ ဝါရှင်တန်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ထိုင်းညှိနှိုင်းရေးအဖွဲ့ အနေဖြင့်လည်း အမေရိကထံတောင်းဆိုမည့် အဆိုပြုချက်များအား အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သလို ပြင်ဆင်မှု များထဲတွင် ထိုင်းနိုင်ငံ၏အမေရိကန်သို့ကုန်သွယ်မှုပိုငွေဒေါ်လာ ၄၆ ဘီလျံကိစ္စလည်း ပါဝင်သည်ဟုသိရသည်။

ထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီးတို့ဦးဆောင်မည့် အဆိုပါညှိနှိုင်းရေးအဖွဲ့သည် လာမည့် ဧပြီလ ၂၁ ရက်၌ ဝါရှင်တန်တွင် အမေရိကန်ကုန်သွယ်ရေး အရာရှိများနှင့်တွေ့ဆုံဆွေးနွေးပြီးနောက် ဘဏ္ဍာရေးဝန်ကြီးသည် seattle သို့သွားကာ စိုက်ပျိုးရေး၊စက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများမှ အမေရိကန်လုပ်ငန်းရှင်များ နှင့်လည်း တွေ့ဆုံမည်ဟုသိရသည်။

ထိုင်းနိုင်ငံကူးသန်းရောင်းဝယ်ရေးဝန်ကြီး က စေ့စပ်ညှိနှိုင်းရေးအဖွဲ့အနေဖြင့် အမေရိကန်အတွက် အပြုသဘောဆောင်သည့် မိတ်ဖက်နိုင်ငံဖြစ်သည် ဟူသောမူဝါဒကို လက်ကိုင်ထားကာ ညီညွတ်မျှတပြီး ရေရှည်တည်တံ့သည့်စီးပွားရေးမိတ်ဖက်ဖြစ်စေရမည်ဟုလည်း ကတိပြုထားသည်ဟု Bangkok Post ၏ ဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN