(ပြည်တွင်း) ဧပြီ ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ဈေးနှုန်းချိုသာစွာဖြင့် နေပြည်တော်ရှိ ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် လုပ်သားပြည်သူများကိရောင်းချပေးနေတယ်လို့ သိရပါတယ်။

အာလူးတစ်ပိဿာ ငွေကျပ် ၄၀၀၀၊ ခရမ်းချဉ်သီး တစ်ပိဿာ ငွေကျပ် ၁၀၀၀၊ ကြက်သွန်နီတစ်ပိဿာ ငွေကျပ် ၂၀၀၀၊ ကြက်သွန်ဖြူတစ်ပိဿာ ငွေကျပ် ၅၀၀၀၊ ငရုတ်သီးတစ်ပိဿာ ငွေကျပ် ၂၀၀၀၊ ဂေါ်ဖီထုပ်အကြီး ငွေကျပ် ၁၀၀၀ နှင့် အသေး ၅၀၀၊ ပြောင်းဖူး တစ်ဖူး ငွေကျပ် ၅၀၀၊ ဖရဲသီးတစ်လုံး ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ရောင်းချပေးနေတယ်လို့ သိရပါတယ်။
ယနေ့မှတော့ ပြည်ထောင်စုအစိုးရအဖွဲရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အပါအဝင် ဝန်ကြီးဌာနရုံးများမှာ ရောင်းချပေးနေတယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews