(ပြည်တွင်း) ဧပြီ ၄

မတ်လ ၂၈ ရက် ငလျင်ပြင်းထန်သော ငလျင်လှုပ်မှုကြောင့် ပျက်စီးသွားတဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး မကြာမီ ပြည်တွင်း ခရီးသွားဝန်ဆောင်မှုများ ပြန်လည်စတင်နိုင်တော့မည်ဖြစ်ကြောင်း သိရပါတယ်။
ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် လေဆိပ်နှစ်ခုကို အသုံးပြုမှုများကို ခေတ္တရပ်နားထားရပြီး နေပြည်တော် လေဆိပ်တွင် အရေးပေါ် ကယ်ဆယ်ရေးလေယာဉ်များသာ ဆင်းသက်ခွင့်ပြုခဲ့ပါတယ်။
လေကြောင်း ပိုဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၄ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှာ ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews