တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ များ ကူညီကယ်ဆယ်ရေးများလု​ပ်ဆောင်နေ

(ပြည်တွင်း) မတ် ၃၀

မတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီခန့်တွင် အဖွဲ့ဝင် ၃၇ ဦးပါ တရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ်ကိရိယာLife detectorများ၊ ငလျင်ကြိုတင်သတိပေးစနစ်Earthquake early warning systemများ၊ ခရီးဆောင်ဂြိုလ်တုportable satelliteများနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့သည်။

China Earthquake Networks Center ၏ အဆိုအရ မတ်လ ၂၈ ရက် ညနေ 1420 အချိန်က မြန်မာနိုင်ငံတွင် ရစ်ခ်ျတာစကေး ၇.၉ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည်။

စစ်ကိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ အပါအဝင် နေရာအများအပြားတွင် အသေအပျောက်နှင့် အိုးအိမ်ပစ္စည်းများ တော်တော်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

သဘာဝဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နှင့် မြန်မာနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ တရုတ်အစိုးရက မြန်မာနိုင်ငံတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

တရုတ်ဗဟိုအစိုးရ၏ အလုံးစုံစီမံချက်အရ ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး Mr. Wang Ning နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့က ညွှန်ကြားညှိနှိုင်းခဲ့ကြသည်။

ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးကော်မရှင်၊ China Eastern Airlines ယူနန်ကုမ္ပဏီနှင့် အခြားဌာနများက ထောက်ပံ့ရေးပစ္စည်းများကို ညတွင်းချင်း စုစည်းကာ မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီများပေးရန် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့များ စေလွှတ်ခဲ့သည်။

တရုတ်မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းအနေဖြင့်နေထိုင်ကြကာ နက်ရှိုင်းပြီး ရှည်လျားသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးတည်ရှိနေပါသည်။

မြန်မာနိုင်ငံမှာ ပြင်းထန်ပြီး ရှားပါးတဲ့ သဘာဝဘေးဒဏ်ကို ရင်ဆိုင်ရချိန်မှာတော့ ယူနန်ပြည်နယ်က မြန်မာနိုင်ငံကို တတ်နိုင်သမျှ တက်တက်ကြွကြွကူညီပံ့ပိုးပေးခဲ့ပါသည်။

ဤသည်မှာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်းကိုတည်ဆောက်ရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံခေါင်းဆောင်တို့၏ သဘောတူညီမှုကို အကောင်အထည်ဖော်ရန် လက်တွေ့ကျသောလုပ်ဆောင်ချက်ဖြစ်ပြီး တရုတ်မြန်မာနှစ်နိုင်ငံပြည်သူများကြား အချင်းချင်း အတူလက်တွဲ အပြန်အလှန်ဖေးမကူညီခြင်း၊ အခက်အခဲများကို ကျော်ဖြတ်ကြပြီး နက်ရှိုင်းသော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့သည် အခက်အခဲများကို မကြောက်မရွံ့၊ ဇွဲမည်မျှပင်မလျှော့ ဟူသော အစဉ်အလာကောင်းကို ကိုင်ဆွဲပြီး စည်းကမ်းကို တင်းတင်းကျပ်ကျပ် လိုက်နာ၊ အမိန့်နာခံ၊ စည်းလုံးညီညွတ်စွာ လုပ်ဆောင်ပြီး နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ကြမှာဖြစ်သည်။

ကျွမ်းကျင်မှု၊ စိတ်အားထက်သန်မှု၊ လက်တွေ့ကျမှုနှင့် ထိရောက်မှုရှိသော ပုံရိပ်ကို ပြသကာ ငလျင်ဒဏ်ကယ်ဆယ်ရေးနှင့် ဒဏ်ရာရသူများကို ကုသပေးရေးတွင် မြန်မာနိုင်ငံအား အပြည့်အဝ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်သည်။

ဤသို့ဖြင့် တရုတ်ပြည်သူများ၊ အထူးသဖြင့် ယူနန်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးစုအားလုံးမှ ပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို ထုတ်ဖော်ပြသပြီး သဘာဝဘေးအန္တရာယ်ကို အတူတကွ ကျော်လွှားရန် စိတ်ဓာတ်ခိုင်မာမှုနှင့် ယုံကြည်မှုတို့ကို ဖော်ညွှန်းမျှဝေပေးကာ တရုတ်မြန်မာချစ်ကြည်ရေးကို မြှင့်တင်ရန် သံတမန်အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

#PAN