(အားကစား) မတ်လ ၂၅

၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ သမုဒ္ဒရာပိုင်းဇုန်ဗိုလ်လုပွဲမှာ နယူးဇီလန်အသင်းက နယူးကယ်လီဒိုးနီးယား အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရပြီး ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။
နယူးဇီလန်အသင်းက ၂၀၁၀ ကမ္ဘာ့ဖလားနောက်ပိုင်း တစ်ကျော့ပြန် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်ပြီး တတိယ အကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄၈ သင်းနဲ့ ကျင်းပမှာဖြစ်တာကြောင့် သမုဒ္ဒရာပိုင်းဇုန်မှာ အလိုအလျောက်ယှဉ်ပြိုင်ခွင့် တစ်နေရာရခဲ့ပြီး ဒုတိယရရှိတဲ့ နယူးကယ်လီဒိုးနီးယားအသင်းက play-offs ထပ်မံကစားရမှာ ဖြစ်ပါတယ်။
နယူးဇီလန်အသင်းက ဂျပန်အသင်းပြီးနောက် ဒုတိယမြောက် ခြေစစ်ပွဲ အောင်တဲ့အသင်း ဖြစ်လာခဲ့ပါတယ်။
Telegram»…
https://t.me/positiveanglenews