(ပြည်တွင်း) မတ်လ ၂၅

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းက စာတိုက်သေတ္တာငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိရာမှာ လိပ်စာအတည်တကျနေထိုင်ခြင်း မရှိသူများနှင့် စာ/ပါဆယ် လက်ခံရန်အဆင်မပြေ သူများအတွက် စာတိုက် (၁၄၉)ရုံးမှာ စာတိုက်သေတ္တာများထားရှိပေးထားတယ်လို့ အသိပေးကြေညာထားပါတယ်။
အသုံးပြုလိုသူများအနေဖြင့် ကနဦးမှတ်ပုံတင်ခ ကျပ် ၁၀,၀၀၀ ပေးသွင်းရမည်ဖြစ်ကာ နှစ်စဉ်ကြေးအဖြစ် ကျပ် ၁၂,၀၀၀ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။
အခုလို စာတိုက်သေတ္တာငှားရမ်းခြင်းဝန်ဆောင်မှုက လိပ်စာမှာ အတည်တကျနေထိုင်ခြင်းမရှိသူများ၊ လိပ်စာမှာ စာ/ပါဆယ်လက်ခံရန် အဆင်မပြေသူများ၊ အချိန်မရွေး ကိုယ်တိုင်ထုတ်ယူ နိုင်ခြင်း၊ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုရှိခြင်း၊ သက်တမ်းရှိတဲ့ကာလအတွင်း ရက်အကန့်အသတ်မရှိ ထုတ်ယူနိုင်ခြင်း၊ ရပ်နီးရပ်ဝေး နေရာအသီးသီးမှ ပေးပို့လာတဲ့ စာ/ပါဆယ်များကို စုစည်းထုတ်ယူ နိုင်မည်ဖြစ်တယ်လို့ သိရပါတယ်။
စာတိုက်သေတ္တာ Post Box အသုံးပြုလိုသူများအနေနဲ့ မြို့နယ်များရှိ စာတိုက်မှာ လျှောက်ထား နိုင်ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews