PDF က သူတို့သတ်ထားတဲ့ ရုပ်အလောင်းကို သရဏဂုံတင်ပေးတဲ့ ဆရာတော်ကို လာရောက်သတ်မယ်လို့ ခြိမ်းခြောက်


(မှုခင်း) မတ် ၁၇

မန္တလေး PDF က သတ်ဖြတ်လိုက်တဲ့ နွားထိုးကြီးမြို့နယ်၊ ဇည်ကျေးရွာက အရပ်သားကို သရဏဂုံတင်ပေးရင် ဆရာတော်ကို လာရောက်သတ်မယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ်၊ ဇည်ကျေးရွာကို အကြမ်းဖက် PDF ခေါင်းဆောင် စိုးအောင် ဦးဆောင်တဲ့ အကြမ်းဖက် PDF အင်အား ၁ဝဝခန့်ဟာ မတ်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က လိုက်ထွက်ကား လေးစီး၊ ခွေးဘီလူး တစ်စီး၊ ဆိုင်ကယ် (၁ဝ )စီးခန့်နဲ့ရောက်ရှိလာပြီး ဇီရွာသား ဦးကံမြင့် (ခ) ဦးကတုံး ဆိုသူကို တပ်သတင်းပေး၊ ရဲသတင်းပေးပြုလုပ်တဲ့ ဒလန်လို့စွပ်စွဲပြီး ၎င်းနေအိမ်ဠဝန်းအတွင်းမှာ သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဦးကံမြင့်ရဲ့ နားထင်သေနတ်နှင့်တေ့ပြီးပစ်သွားတာ ရွာဦးကျောင်းဆရာတော်ကိုလည်း ကတုံးအလောင်းကို သရဏဂုတ်တင်ပေးရဲရင်တင်ပေးကြည့် လာသတ်မယ်လို့ ကြိမ်းသွားတယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံက PAN ကိုပြောပါတယ်။

ဇည်ကျေးရွာ ရွာဦးကျောင်း ဆရာတော်ဟာ တပ်မတော်စစ် ကြောင်းလာရောက်စဉ်က ဧည့်ကျွေးမွေးခဲ့တဲ့အတွက် သတ်ဖြတ်ပစ်မယ်လို့ကြိမ်းမောင်းခြိမ်းခြောက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးကံမြင့်ရဲ့ ရုပ်အလောင်းကို သရဏဂုံ တင်ပေးပါကဆရာတော်ကို လာရောက်သတ်ဖြတ်မှာဖြစ်တယ်လို့ ကြိမ်းဝါးတဲ့အပြင် ဇည်ကျေးရွာအတွင်း သေနတ်တွေပစ်ဖောက်ပြီး မင်းတို့ရွာကို ရက်ရက်စက်စက်လုပ်ပြလို့ အော်ဟစ်ဆဲဆို ကြိမ်းမောင်းကာ ကျွန်းဒေါင့်ရွာ၊ မျက်ရှုရွာတွေဘက်ကို အသီးသီးဖြန့်ခွဲထွက်ခွာသွားကြတယ်လို့လည်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN #ဇည်ကျေးရွာ #ဇီရွာ #နွားထိုးကြီးမြို့နယ်