ဇေယျာသီရိမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်စီးလာသူ သေဆုံး

(မှုခင်း) မတ် ၁၇

နေပြည်တော်၊ ဇေယျာသီရိမြိုနယ် ၊ရန်ကုန်မန္တလေးလမ်းဟောင်း ရေဆင်းတက္ကသိုလ် မီးပွိုင့်လမ်းဆုံအနီး မိုင်တိုင်အမှတ် ၂၂၇/၇ နှင့် ၂၂၈/၈ကြားတွင် ယမန်နေ့ည၇နာရီကျော်အချိန်က ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဦးပြည့်စုံ၊ ၃၇ နှစ်ခန့်၊ (ဘ) ဉီးသိန်းထွန်း၊နယ်မြေ ၁၊ ရေဆင်းကျေးရွာ၊ ဇေယျာသီရီမြို့နယ်နေသူမှာ မောင်းနှင်လာသော HONDA အမျိုးအစား စူပါကပ် အဖြူရောင် ဆိုင်ကယ် MDY 53 w 79636 ဆိုင်ကယ်မှာ တောင်မှမြောက်သို့ ဦတည်လျှက် ရှေ့ဘီးဂွေ ပျက်စီး ရှေ့ပိုင်းပျက်စီးကာ ဦးခေါင်းသွေးထွက်လွန် ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရကြောင်း သွားရောက်ကူညီဆောင်ရွက်ပေးသည့် လူမှုရေးအသင်းထံမှ သိရသည်။

အဆိုပါ ယာဥ်တိုက်မှုကြောင့် သေဆုံးသူဦးပြည့်စုံ၏အလောင်းအား ပြည်စံအောင် ဂရုနာရှင် လူမှုကူညီရေးကားဖြင့် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း၊ ယာဥ်တိုက်မှုဖြစ်စဥ်အား သက်ဆိုင်ရာတာဝန်ရှိသူများမှ စုံစမ်း​စစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN #ယာဉ်တိုက်မှု #နပြည်တော်